သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-27
ကျောင်းသားတစ်ဦးက ရိုဟင်ဂျာတွေကို ပြည်နှင်ဒဏ်မပေးနိုင်ရင် အာချေးက လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ ရာထူးကနေ နှုတ်ထွက်သင့်တယ်လို့လည်း AFP ကို ပြောခဲ့ပါတယ်။
2023-12-27
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး နှစ်လတာအတွင်း ရှမ်းမြောက်ဒေသက မြို့ကိုးမြို့ကို သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။
2023-12-27
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေတယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အထူး စီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောလိုက်ပါတယ်။
2023-12-26
နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဝင်စာ ကန့်သတ်ခံထားရသလို ထောင်တွင်းမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
2023-12-26
မြောက်ဦးမြို့ နန်းရာကုန်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်အဆောက်အအုံကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ရခိုင် ရှေးဟောင်း ယဉ်ကျေးမှုလက်ရာအများအပြား ပျက်စီးသွားပါတယ်။
2023-12-26
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၄၄၀ ကျော် ရှိလာကြောင်း (CIR) က ထုတ်ပြန်ပါတယ်။
2023-12-25
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရတာတွေများလာတာကြောင့် ဒေသခံတွေ နေအိမ်မှာ မနေရဲတော့ဘဲ နေရပ်စွန့်ခွာထွက်ပြေးနေကြပါတယ်။
2023-12-25
ရွှေဘိုမြို့နယ်ထဲက ပျူစောထီးနဲ့ စစ်ကောင်စီရဲတပ်သားတွေရှိတဲ့ မြင်းချင်းရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
2023-12-25
ဝိုင်းမော်မြို့နယ်က မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ယေရှုခရစ်တော် မွေးဖွားလာတဲ့ ခရစ္စမတ်ဆုတောင်းပွဲကို ကျင်းပနေတာပါ။
2023-12-24
မြောက်ဦးမြို့အနီးကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရတဲ့ ဒေသခံ ငါးဦးထက်မနည်းရှိလာပါတယ်။
2023-12-23
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ရပ်ထားရတာကြောင့် လမ်းပြောင်းလဲ သွားလာနေရတဲ့အတွက် ခရီးသည်တင်ယာဉ်နဲ့ ခြောက်ဘီးကုန်တင်ယာဉ်တွေသာ သွားလာလို့ရတယ်လို့ မြဝတီ-ဘားအံ ခရီးသည်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
2023-12-23
မြောက်ဦးမြို့ တောင်ရပ်၊ မြို့သစ်၊ ကံလှ၊ ရွှေတောင်နဲ့ ကုန်သည်တန်း ရပ်ကွက်နေ အများစု အပါအဝင် မြို့ပေါ်နေထိုင်သူ ပြည်သူတစ်ဝက်နီးပါး ကြိုတင် ထွက်ပြေးကြတာလို့ ဆိုပါတယ်။
2023-12-22
စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ရေးဒရုန်းတွေ သုံးပြီး မောင်းနှင်တိုက်ခိုက်နေတဲ့ ဒရုန်းတပ်ဖွဲ့ဝင် မမိုးမိုးဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တာဝန်ထမ်းဆောင်နေတာပါ။
2023-12-22
မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ချန်ပီယံတစ်ဦးကတော့ ကယန်းတိုင်းရင်းသူ ဘရော်နီကာ (Vero Nika) ပါ။
2023-12-22
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းတဲ့ ဒေသတွေအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၂၇ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဒီဇင်ဘာ ၂၁ မှာ ထုတ်ပြန်ပါတယ်။