သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-10
အာဏာသိမ်းအပြီး နှစ်နှစ် နီးပါးအကြာ မြန်မာ့အကျပ်အတည်းနဲ့ ပြဿနာတွေအပေါ် အာဆီယံရဲ့ချဉ်းကပ်ပုံကို ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။
2022-11-10
ဖုန်းဆင်းမ်ကတ်တွေကို နိုင်ငံသားစိစစ်ရေးကတ်နဲ့ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2022-11-10
လက်နက်ကိုင်ခုခံမှုကို လက်လုပ်တူမီးသေနတ်တွေနဲ့ အစောဆုံးစခဲ့တဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
2022-11-09
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်လိုက်တာကို ကြိုဆိုပေမယ့် ဒီထက်ပိုပြီး ထိရောက် မြန်ဆန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
2022-11-09
ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ခက်ခဲနေသလို အခု ဆောင်းတွင်းရာသီအတွက် စောင်နဲ့ အနွေးထည်အကူအညီ လိုအပ်နေပါတယ်။
2022-11-09
မနက်ဖြန်ပြုလုပ်မယ့် အာဆီယံ ထိပ်သီးညီလာခံမတိုင်ခင် မြန်မာ့အရေးအတွက် ကြိုတင်ညှိနှိုင်းကြမယ်ဆိုပြီး အောက်တိုဘာ ၂၇ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပေမယ့် ဘာမှ ထူးထူးခြားခြား ဖြစ်မလာဘဲ အလုပ်မဖြစ်တဲ့ ဒီဘုံသဘောတူညီချက်တွေကိုပဲ ဆက်လက်ကိုင်စွဲထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
2022-11-09
မြန်မာစစ်တပ်ဟာ လက်ရှိ စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ တိုက်လေယာဉ်တွေထက် ပိုအဆင့်မြင့်ပြီး ဖျက်အားပိုပြင်းတဲ့ တိုက်လေယာဉ်တွေကို ရုရှားထံကနေ ဝယ်ယူထားပြီး အဲဒီလေယာဉ်တွေထဲက တချို့ကို နေပြည်တော်မှာ စမ်းသပ်လေ့ကျင့်နေပြီလို့ မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ Myanmar Witness အဖွဲ့ကို ကိုးကားပြီး The Defense Post သတင်းက နိုဝင်ဘာ ၄ ရက်နေ့က ဖော်ပြပါတယ်။
2022-11-08
အဲဒီပစ်ခတ်မှုမှာ ဗိုလ်ကျားကြီး လွတ်မြောက်သွားပေမယ့် သူ့ရဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့က လူ နှစ်ဦး သေဆုံးပြီး တစ်ချို့ကို ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ဦးနေမျိုးအောင် တို့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2022-11-08
မြန်မာနိုင်ငံမြောက်ပိုင်းက ဝါးတောအုပ်တစ်နေရာမှာ PDF လူငယ်တစ်စုဟာ သူတို့ထက်အစစ လက်နက်အင်အားသာတဲ့ စစ်ကောင်စီတပ်ကို တိုက်နိုင်ဖို့ YouTube မှာ တင်ထားတဲ့ အဝေးပစ်လောင်ချာတို့၊ မိုင်းတို့၊ မော်တာကျည်ဆံတို့ လုပ်နည်းတွေကိုလေ့လာပြီး စမ်းသပ်တီထွင်ခဲ့ကြပါတယ်။
2022-11-08
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ ကိုးတောင်ဘို့တိုက်နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က အဖမ်းခံရသူ ၁၄ ဦး ဒီနေ့အထိ ပြန်လွတ်မလာသေးတာကြောင့် သတ်ဖြတ်ခံလိုက် ရပြီလို့ ယုံကြည်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
2022-11-08
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သည် အရာရှိ တစ်သောင်းကျော်လာပြီး အဲဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် ရှစ်ထောင်ကျော်နဲ့ စစ်သည် လေးထောင်ကျော် ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။
2022-11-07
စစ်တပ်အာဏာအသိမ်းခံထားရပြီး မတည်မငြိမ်အကျပ်အတည်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံအရေးကိစ္စကတော့ နိုဝင်ဘာ ၁၀ ရက်နေ့ APEC ဆွေးနွေးပွဲရဲ့ ထိပ်ဆုံးမှာ ရှိနေတာပါ။
2022-11-07
လူတစ်ယောက်၊ မိသားစုတစ်စုဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတစ်ခုထက် ပိုကိုင်ဆောင်ထားတယ်ဆိုရင် အပိုကိုင်ထားတဲ့ မှတ်ပုံတင်နဲ့ပတ်သက်တဲ့ ဘဏ်စာရင်းနဲ့ ပိုင်ဆိုင်မှုကအစ ဖျက်သိမ်းပစ်မယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ မကြာခဏ ထုတ်ပြန်သတိပေးနေပါတယ်။
2022-11-07
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ဘက် ထန်းလေးပင်ရွာအနီးမှာ မနေ့က တိုက်ပွဲဖြစ်ပြီးနောက် PDF တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ရသလို နောက်ထပ် ဒေသခံ လေးဦးဟာလည်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-07
သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေနဲ့ ဒေသခံတွေ ပြောဆိုချက်အရ လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လူရှစ်ဦး အသတ်ခံရပြီး နေအိမ် ၃၉၉ လုံး မီးရှို့ခံခဲ့ရပါတယ်။