သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-24
စစ်ကောင်စီက ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုကြောင့် နှစ်ဖက်အဖွဲ့အစည်းအကြား အမုန်းတရား ပိုတိုးပွားလာနိုင်တယ်လို့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2022-10-23
အောက်တိုဘာ ၂၁ ရက်နေ့မှာ KNLA နဲ့ PDF တပ်ဖွဲ့တွေက ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ မြို့သိမ်းတိုက်ပွဲမဟုတ်ဘဲ တခြားရည်မှန်းချက်တစ်ခုနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့တာလို့ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ KNLA တပ်မဟာ ၆ နယ်မြေ တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောရန်နိုင်က RFA ကို ပြောကြားလိုက်ပါတယ်။
2022-10-22
နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထဲမှာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတို့နဲ့အတူ ထည့်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွက် ဘာတွေ သက်ရောက်မှုဖြစ်လာနိုင်ပါသလဲ။
2022-10-20
အဓိကကတော့ CDM ထဲမှာ စစ်သား CDM တွေလည်း အများကြီးရှိတယ်။ အခုထွက်လာတဲ့ အချိန်မှာလည်း လက်နက်ချ အလင်းဝင်လာတဲ့ စစ်သားတွေ များတယ်။ များတဲ့အတွက်ကြောင့် ဒီလို တာဝန်ကို အရပ်သားတွေအနေနဲ့ စီစဉ်တဲ့ အပိုင်းမှာပဲဖြစ်ဖြစ် အများကြီး အခက်အခဲ ရှိနိုင်တယ်ပေါ့နော်။
2022-10-15
ဗိုလ်ကြီးဇေလတ်က စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီသြဇာခံတပ်တွေရဲ့ လူမဆန်ရက်စက်မှုတွေကို သူကိုယ်တိုင်ကြုံတွေ့နေရတဲ့အတွက် အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေရေးအတွက် လက်ရှိစစ်တပ်အတွင်းက ဘဝတူ အရာရှိအကြပ်တပ်သားတွေအနေနဲ့ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းကြပါလို့ RFA ကနေတစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။
2022-10-10
တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူ့ဇနီးကသာ နားချဖျောင်းဖျနိုင်ခဲ့မယ်ဆိုရင် အခုလိုအာဏာသိမ်းပွဲဖြစ်ပေါ်ခဲ့မှာ မဟုတ်ဘူးလို့လည်း CDM စစ်ဗိုလ်တစ်ဦးရဲ့ ဇနီးဖြစ်တဲ့ ဒေါ်စုသစ်က ပြောပါတယ်။
2022-10-05
လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီလက်အောက်မှာ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ နောက်ဆုံးသတင်းတွေရဖို့ လူကြိုက်များ ပေါ်ပြူလာဖြစ်မှုအပေါ် အခြေခံတည်ဆောက်ထားတဲ့ ဆိုရှယ်မီဒီယာတွေအပေါ် မှီခိုလာနေရတယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်လိုက်ပါတယ်။
2022-10-01
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ စစ်ကောင်စီတပ်က PDF တွေကို နှိမ်နင်းတယ်ဆိုပြီး စာသင်ကျောင်းဆောင်တွေကို တိုက်လေယာဉ်နဲ့ပစ်လို့ ကလေး ခုနစ်ယောက်နဲ့ လူကြီး ခြောက်ယောက် သေဆုံးတဲ့ဖြစ်ရပ်ကို မျက်မြင်သက်သေ ဆရာမက RFA ကို ပြောပြပါတယ်။
2022-09-22
သူဟာ မြန်မာပြည်တွင်းမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့သူဆိုပြီး စစ်ကောင်စီဘက်က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ကို အကြောင်းကြားထားတာကြောင့် အဖမ်းခံနေရတာလို့ ပြောပါတယ်။
2022-09-20
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိတင်သိရှိခဲ့တယ်လို့ လွတ်မြောက်နယ်မြေတစ်နေရာကို မကြာခင်ကရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲကာလ မဟာဗျူဟာရေးဆွဲရာမှာ ပါဝင်သူ ဦးနိုင်ကိုကိုက ထုတ်ဖော်ပြောကြားပါတယ်။
2022-09-18
ပြီးခဲ့တဲ့နှစ်မှာတော့ မြန်မာပြည်အတွက် ကိုယ်စားလှယ် မရွေးချယ်ဘဲ ဆိုင်းငံ့ခဲ့တာကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။
2022-09-12
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြုလုပ်တဲ့ တပ်တွင်းအစည်းအဝေးမှာ အောက်ခြေတပ်ဖွဲ့တွေကို ပြစ်တင်ပြောဆိုသွားခဲ့တာတွေဟာ သူတို့စစ်တပ်တွေအနေနဲ့ နယ်မြေထိန်းချုပ်နိုင်စွမ်း လျော့နည်းလာနေတာကို ဝန်ခံရာကျသလို လက်အောက်ခံတပ်မှူးတွေကို သူကိုယ်တိုင်က ယုံကြည်မှုမရှိတော့ဘူးဆိုတာကို ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကို ပြောကြားလိုက်ပါတယ်။
2022-09-08
စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ဘာကြောင့်အပြင်းထန်ဆုံး စစ်ဆင်ရေးလုပ်နေလဲ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဘယ်လောက် စိုးမိုးထားနိုင်ပြီလဲ၊ နွေဦးတော်လှန်ရေး ဘယ်လောက် ခရီးပေါက်နေပြီလဲဆိုတာတွေနဲ့ ပတ်သက်လို့ ဗိုလ်နဂါးကို RFA က သီးသန့်မေးမြန်းထားပါတယ်။
2022-08-18
နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်ခဲ့တဲ့ မြန်မာဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးလို့ရမယ့်သူတွေ မဟုတ်ဘူးလို့ ပြောပါတယ်။
2022-08-15
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးလနန် က မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မယ့် အဖွဲ့အစည်းအားလုံးကို KIO အနေနဲ့ အတတ်နိုင်ဆုံး ကူညီနေသလို နည်းပေါင်းစုံနဲ့ ဆက်လက်ကူညီမှာလည်းဖြစ်တယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။