သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-30
ပြည်တွင်းပြည်ပမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီအပေါ် အနိုင်ရရှိနေပြီဖြစ်ပြီး လာမယ့် ၂ဝ၂၃ ခုနှစ်မှာ အင်မတန်ထူးခြားတဲ့ ပြောင်းလဲတိုးတက်မှုတွေကို မြန်မာပြည်သူတွေ ခံစားရရှိနိုင်ရေးအတွက် မိမိတို့ လုပ်ငန်းစဉ်တွေကို စနစ်တကျရေးဆွဲ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
2022-12-29
လက်ရှိမြစ်ကြီးနားထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သွေးတိုးနဲ့ မွေးရာပါအဆုတ်အားနည်းရောဂါရှိတဲ့ ဒေါက်တာဆမ်ဆွန်ထံကို အာဏာပိုင်တွေက လိုအပ်တဲ့ဆေးဝါးတွေ ပို့ခွင့်မပေးဘူးလို့ ဇနီးဖြစ်သူ ဆရာမ ဇုန်းညော်ကပြောပါတယ်။
2022-12-28
နိုင်ငံရေးအမှုတွေကို ဥပဒေရေးရာအကျိုးဆောင်ခွင့် မပေးရဲအောင် စစ်ကောင်စီက ရှေ့နေတွေကို ထောင်ချနေသလို ရှေ့နေတွေဟာ အမှုသည်တွေကို အိမ်နဲ့အဆက်အသွယ်ရအောင်လုပ်ပေးနိုင်တဲ့ အခြေအနေသာအမြင့်ဆုံးရှိနေပြီး တရားမျှတမှုရအောင် စွမ်းဆောင်ခွင့်မရှိတော့ဘူးလို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
2022-12-28
တောင်ကိုရီးယားနိုင်ငံမှာအခြေစိုက်တဲ့ ကင်မ်ဂျွန်းထယ်ဖောင်ဒေးရှင်း (Kim Geun Tae Foundation) က ခုနစ်ကြိမ်မြောက် ပေးအပ်တဲ့ဆုကို မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ချီးမြှင့်လိုက်တယ်လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။
2022-12-28
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တောစိုက်ပျိုးရေးစီမံကိန်းမှာ တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့နဲ့ဆက်သွယ်မှု ပုဒ်မ ၅၂ (က)၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၆ (၃) (၁)နဲ့ တရားစွဲပြီး ထောင်ခုနစ်နှစ်ချခဲ့ပါတယ်။
2022-12-23
အထူးသဖြင့် ကျွန်တော်တို့လက်တွဲလုပ်ဆောင်နေတဲ့ ပူးတွဲပြီးတိုက်ပွဲဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်၊ လိုလည်းလိုအပ်နေတယ်။
2022-12-21
လူမျိုးဘာသာမရွေး ပြည်သူအားလုံး ညီညွတ်မှသာ အဲဒီအောင်ပွဲကို ရရှိမှာဖြစ်တယ်လို့လည်း ကော်သူးလေတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြက RFA ကို ပြောပါတယ်။
2022-12-15
သွေးတိုးရှိတော့ ဆေးကအမြဲသုံးဆောင်နေရတယ်။ အခုချိန်က အရမ်းအေးတယ်။ အဆုတ်မကောင်းတဲ့သူဖြစ်လို့ အချိန်မရွေးသူကို ထိခိုက်နိုင်တယ်။
2022-12-14
အင်ဒိုနီးရှားနိုင်ငံအနီး မလက္ကာရေလက်ကြားက ပင်လယ်ပြင်မှာ ရိုဟင်ဂျာ အယောက် ၂၀၀ နီးပါးပါးတဲ့ စက်လှေ တစ်စီးမျောနေပြီး အစားအသောက်နဲ့ ရေလိုအပ်နေလိုအပ်ချက်ကြောင့် စက်လှေပေါ်ပါတဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးသွားပါတယ်။
2022-12-14
အနန့်ပါဗုံးကြဲမှုဟာ ကချင်လူမျိုးတွေရဲ့ နှလုံးသားကို သံမှိုနဲ့ နှက်လိုက်တာဖြစ်ကြောင်း၊ KIO နဲ့ NUG အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း KIC ကချင်လွတ်မြောက်ရေးကောင်စီ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောလိုက်ပါတယ်။
2022-12-13
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်ထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ Credential Committee က သဘောတူညီလိုက်ပါတယ်။
2022-12-12
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PVTV (Public Voice Television) က မြန်မာပြည်သူတွေရဲ့ လက်ရှိဘဝကို ပုံဖော်ထားတဲ့ တရားမျှတမှု Justice ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က တင်ဆက်ခဲ့ပါတယ်။
2022-12-10
စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ဒဂုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုသီဟထက်ဇော်ဟာ ပြစ်မှုကျူးလွန်ခြင်းမရှိတာကြောင့် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။ ကိုသီဟထက်ဇော်အပါအဝင် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်နေ့က လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။
2022-12-08
အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူကူဘိုတာက သူအပါအဝင် ဖမ်းဆီးခံ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးလိုက်ရုံနဲ့ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ထားလို့ရမှာ မဟုတ်ဘူးလို့ RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။
2022-12-08
ဒေါ်အောင်ဆန်းစုကြည်ဆီကရတဲ့ သတင်းစကားက သိပ်ကောင်းတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ တော်တော့်ကိုကောင်းတဲ့ သတင်းစကားလို့ ကျွန်တော်ကသုံးသပ်တယ်။