အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးနှင့် ဆက်သွယ်မေးမြန်းချက်

နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.12.28

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တောစိုက်ပျိုးရေးစီမံကိန်းမှာ တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်မှာဖမ်းလိုက်ပြီး အကြမ်းဖက်အဖွဲ့နဲ့ဆက်သွယ်မှု ပုဒ်မ ၅၂ (က)၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၆ (၃) (၁)နဲ့ တရားစွဲပြီး ထောင်ခုနစ်နှစ်ချခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပြည်နှင်ဒဏ်ပေးပြီး လွှတ်ပေးခဲ့ပါတယ်။ အခုတော့ သူဟာ အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့က နေအိမ်မှာ ဆေးကုသနေပါတယ်။ သူ့ကို စစ်ကြောရေးစခန်းမှာ ထောက်လှမ်းရေးတွေ နှိပ်စက်ညှဉ်းပန်းခဲ့ပုံတွေနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။