သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ ကိုသီဟထက်ဇော် မိသားစုဝင်တောင်းဆို

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2022.12.10

စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ဒဂုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုသီဟထက်ဇော်ဟာ ပြစ်မှုကျူးလွန်ခြင်းမရှိတာကြောင့် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။ ကိုသီဟထက်ဇော်အပါအဝင် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်နေ့က လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။

ဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က တောင်ဒဂုံမြို့နယ်က ကမ္ဘာ့ရတနာဘဏ်ခွဲ မန်နေဂျာကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီး သေဒဏ်ချမှတ်ခဲ့တာပါ။ ကိုသီဟထက်ဇော်ရဲ့ အဒေါ်ဖြစ်သူကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။