သားဖြစ်သူ သေဒဏ်ကလွတ်မြောက်ရေး ကူညီဖို့ မိခင်တောင်းဆို

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.07

စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ အသက် ၂ဝ အရွယ် ကိုခန့်လင်းမောင်မောင်ရဲ့ မိခင်က သူ့သားဖြစ်သူ သေဒဏ်ကနေ လွတ်မြောက်ရေး ပြည်တွင်းကရော နိုင်ငံတကာကပါ ဝိုင်းတောင်းဆို ကူညီပေးကြဖို့ RFA နဲ့ မေးမြန်းခန်းမှာ ပြောဆိုပါတယ်။

သူ့ရဲ့တစ်ဦးတည်းသောသားဟာ အိုင်တီဝါသနာပါတဲ့သူဖြစ်ပြီး၊ အာဏာမသိမ်းခင်က ပညာရေးပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူ တစ်ဦးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လူသတ်မှုစွပ်စွဲချက်ဟာ မတရားအမှုဆင် စွပ်စွဲချက်လို့လည်း ပြောပါတယ်။

ကိုခန့်လင်းမောင်မောင်ရဲ့ မိခင်ဖြစ်သူကို RFA ဝိုင်းတော်သား စောဖိုးခွား မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။