မြန်မာ့တော်ဝင်နဂါးတပ်တော် တည်ထောင်သူ ဗိုလ်နဂါးနဲ့ RFA သီးသန့်မေးမြန်းချက်

2022.09.08

စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ အဖွဲ့တွေထဲမှာ စစ်ကိုင်းတိုင်းက မြန်မာ့တော်ဝင်နဂါးတပ်တော် (Myanmar Royal Dragon Army - MRDA) ဟာ အင်အားတောင့်တင်းလာသလို ပြည်သူတွေကြားမှာလည်း စိတ်ဝင်စားမှုမြင့်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့ အဓိကထားချေမှုန်းမှုကို ရင်ဆိုင်နေရပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိုးအိမ်မီးရှို့ခံရမှု အများဆုံးခံနေရတဲ့ နယ်မြေလည်း ဖြစ်နေသလို စစ်ဘေးဒုက္ခသည်တွေလည်း အချိန်နဲ့အမျှ တိုးနေပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ဘာကြောင့်အပြင်းထန်ဆုံး စစ်ဆင်ရေးလုပ်နေလဲ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဘယ်လောက် စိုးမိုးထားနိုင်ပြီလဲ၊ စစ်သုံ့ပန်းတွေ သူလျှိုဒလန်တွေလို့ ယူဆခံရသူတွေကို ဖမ်းမိရင် ဘယ်လိုဆောင်ရွက်နေလဲ၊ ရန်ပုံငွေဘယ်လိုရနေလဲ၊ နွေဦးတော်လှန်ရေး ဘယ်လောက် ခရီးပေါက်နေပြီလဲဆိုတာတွေနဲ့ ပတ်သက်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် တည်ထောင်သူအဖြစ် လူသိများထင်ရှားနေတဲ့ ဗိုလ်နဂါးကို RFA က သီးသန့်မေးမြန်းထားတာ ကြည့်ရှုနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။