လက်နက်အခက်အခဲရှိနေတဲ့ စစ်ကိုင်းက ပြောက်ကျားတပ်ဖွဲ့
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.02.05
2023.02.05
ဖွဲ့စည်းထားတာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက အရာတော်၊ စစ်ကိုင်းနဲ့ ရွှေဘိုဖက်မှာ လှုပ်ရှားနေတဲ့ မြေအောက်လျှပ်စီးတော်လှန်ရေးအဖွဲ့မှာ အော်တိုမောင်းပြန်သေနတ်တစ်လက်မှမရှိသေးဘူးလို့ အဖွဲ့ခေါင်းဆောင် ဗိုလ်မုန်တိုင်း ကပြောပါတယ်။
စစ်ကိုင်းမှာ အင်တာနက်ဖြတ်တောက်ခံထားရလို့ အလှူရှင်တွေဆီက အလှူငွေမရတဲ့အတွက် တပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါးရှိနေတဲ့ သူတို့တပ်ဖွဲ့မှာ လက်လုပ်သေနတ်ကိုတောင် တပ်ဖွဲ့ဝင်အားလုံးကို တပ်ဆင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ပြောပါတယ်။
မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မုန်တိုင်းကို RFA နှင့်စကားပြောခြင်း အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။