လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကနေ ပစ်ခတ်ခံရမှု မေးမြန်းချက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ စစ်ကောင်စီတပ်က PDF တွေကို နှိမ်နင်းတယ်ဆိုပြီး စာသင်ကျောင်းဆောင်တွေကို တိုက်လေယာဉ်နဲ့ပစ်လို့ ကလေး ခုနစ်ယောက်နဲ့ လူကြီး ခြောက်ယောက် သေဆုံးတဲ့ဖြစ်ရပ်ကို မျက်မြင်သက်သေ ဆရာမက RFA ကို ပြောပြပါတယ်။
စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၁ နာရီမထိုးခင်လောက်မှာ လေယာဉ်တွေ ရွာပေါ် ရောက်လာပြီး တစ်နာရီလောက်ကြာအောင် လက်နက်ကြီးတွေနဲ့ပစ်လို့ ကလေးတွေ သေဆုံးရသလို၊ စာသင်ကျောင်းက ဆရာနဲ့ ကွန်ပျူတာ ဆရာ အပါအဝင် ရွာသား နှစ်ယောက်ကို PDF လို့ စွပ်စွဲဖမ်းခေါ်ပြီး သတ်လိုက်တာလို့ ပြောပါတယ်။
အသတ်ခံရတဲ့ လူကြီး ခြောက်ယောက်ထဲမှာ ကလေးနှစ်ယောက်အမေဖြစ်ပြီး နွားကျောင်း တဲ့အလုပ်လုပ်တဲ့ အမျိုးသမီးလည်း ပါသွားတယ်လို့ ပြောပါတယ်။ စစ်တပ်က ဖမ်းခေါ်သွား တဲ့သူ ၁၇ ယောက်မှာ တစ်ယောက်အသတ်ခံရပြီး ကျန်တဲ့သူတွေကိုလည်း ဒီနေ့ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
အခုတော့ ကလေးတွေမှာ စာသင်ကျောင်းနဲ့ လေယာဉ်ပျံဆိုတဲ့အသံကြားရင် ကြောက်နေ သလို၊ ဆရာမကိုယ်တိုင် ညဖက်တွေမှာ အိပ်မက်ဆိုးတွေနဲ့လန့်နိုးတဲ့ စိတ်ဒဏ်ရာရနေ ကြပါတယ်။
စစ်ကောင်စီကထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ဟာ လုပ်ကြံဖန်တီးပြီး ထုတ်ပြန်တာလို့ လည်း ဆရာမက ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်ဖို့ပန်ကြားတဲ့ ဆရာမကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။