ပဇီကြီးရွာတိုက်ခိုက်မှု နောက်ဆုံးအခြေအနေ မေးမြန်းချက်
RFA Burmese
2023.04.12
2023.04.12
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ ဧပြီလ ၁၁ ရက် မနေ့က လေကြောင်းက တိုက်ခိုက် ခံခဲ့ရပြီးနောက် ဧပြီလ ၁၂ ရက်နေ့အထိ ကယ်ဆယ်ရေးနဲ့ အလောင်း ကောက်ယူတာတွေကို ဆက်လက်ဆောင်ရွက်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေပိုင်း နောက်ဆုံးတိုက်ခိုက်ခံရမှုမှာ ကယ်ဆယ်ရေး ဆောင်ရွက်နေသူ သုံးဦးသေဆုံးခဲ့ပေမယ့် မနက်ပိုင်း ပစ်ခတ်မှုကြောင့်သေဆုံးရသူ အတိအကျပြောပြနိုင်ဖို့ အခက်အခဲရှိတယ်လို့ဆိုပါတယ်။ ဒေသခံတစ်ဦးကို ဦးတင်အောင်ခိုင် မေးမြန်းထားပါတယ်။