ပဇီကြီးရွာမှာ သေဆုံး၊ ပျောက်ဆုံးသူ ၂ဝဝ ရှိသွားပြီလို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးပြော

ပဇီကြီးရွာမှာ သေဆုံးသူ ၂ဝဝ ရှိသွားပြီလို့ ခရိုင် ပကဖတာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။ ဒဏ်ရာရရှိထားသူတွေထဲကလည်း ဧပြီ ၁၆ ရက်နေ့အထိ ခြောက်ဦး ထပ်ပြီး သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဧပြီလ ၁၆ရက်နေ့အထိတော့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁၆၈ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားပါတယ်။

ခရိုင်ပကဖအဖွဲ့ဝင် ကိုပြည့်စုံကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။