အမုန်းစကားမပါတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ စကားဝိုင်း လုပ်တာလို့ ISP Myanmar ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.10.05

လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီလက်အောက်မှာ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ နောက်ဆုံးသတင်းတွေရဖို့ လူကြိုက်များ ပေါ်ပြူလာဖြစ်မှုအပေါ် အခြေခံတည်ဆောက်ထားတဲ့ ဆိုရှယ်မီဒီယာတွေအပေါ် မှီခိုလာနေရတယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်လိုက်ပါတယ်။

ဒီလိုအခြေအနေမှာ ပြည်သူတွေအကြားမှာ လေးနက်တဲ့ ပြောဆိုဆွေးနွေးမှုတွေ ဖြစ်လာဖို့နဲ့ အမုန်းစကား ပြောတာမပါဘဲ သဘောထားကွဲပြားမှုတွေကို လက်ခံနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ‘ကပြင်’ ဆိုတဲ့ စကားဝိုင်းအစီအစဉ်ကို လုပ်နေတဲ့ ISP Myanmar အဖွဲ့က ဦးမင်းဇင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။