ဦးကျော်မိုးထွန်းနဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်းခန်း
ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ဖို့ နိုင်ငံတကာကခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ရောက်ရှိနေကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ရော ဒီနှစ် ဘယ်သူကိုယ်စားပြု တက်ရောက်ရမလဲ... ။ ပြီးခဲ့တဲ့နှစ်မှာတော့ ကုလကိုယ်စားလှယ် စိစစ်ရေးအဖွဲ့က မြန်မာပြည်အတွက် ကိုယ်စားလှယ်ကို မရွေးချယ်ဘဲ ဆိုင်းငံ့ခဲ့တာကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ ဒီနှစ်မှာလည်း စစ်ကောင်စီကရော NUG ကပါ ဒီကိုယ်စားလှယ်နေရာရဖို့ အပြိုင်ကြိုးစားနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ပြည်တွင်း၊ ပြည်ပက တက်ကြွလှုပ်ရှားသူတွေကလည်း တောင်းဆိုနေပါတယ်။ ဒီနှစ်အတွက် ကုလကိုယ်စားလှယ်စိစစ်ရေးအဖွဲ့နဲ့ NUG ဘက်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို RFA ဝိုင်းတော်သား စောဖိုးခွားက နယူးယောက်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
(00:00 - 01:56) - ဦးကျော်မိုးထွန်းနဲ့ NUG အစိုးရကို ကုလသမဂ္ဂက တရားဝင်လက်ခံရေး အလားအလာ
(01:56 - 04:26) - ဘာကြောင့် ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ပေးသင့်သလဲ
(04:26 - 08:43) - နိုင်ငံတကာထိပ်သီးခေါင်းဆောင်တွေ တက်မယ့်အချိန်မှာ မြန်မာက မိန့်ခွန်းပြောခွင့်ရမလား
(08:43 - 12:12) - ဒီနှစ် ကုလကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့ဝင်တွေ မြန်မာပြည်အရေး ဘယ်လိုသဘောထားရှိသလဲ
(12:12 - 12:48) - မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေး
(12:48 - 13:31) - နိုလင်းဟေဇာနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှု
(13:31 - 15:54) - ကုလကိုယ်စားလှယ်ဟောင်းတွေပြောတဲ့ NUG ရဲ့ နယ်မြေစိုးမိုးထားမှု
(15:54 - 18:13) - မြန်မာပြည်သူတွေရဲ့ကုလအပေါ် မျှော်လင့်ချက်