သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-27
တရုတ်နိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုထားတာ မရှိသေးပေမယ့်၊ အာဏာမသိမ်းခင်က အခြေအနေအတိုင်း ပုံမှန်ဆက်ဆံရေး တည်ထောင်ထားပြီးပြီလို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်တဲ့ Jason Tower က RFA နဲ့ သီးသန့် မေးမြန်းရာမှာ ပြောပါတယ်။
2021-11-26
အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပြည်သူတွေအတွက် မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ထမ်းချင်တာကြောင့် တော်လှန်ရေးဆက်လုပ်သွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိနေတဲ့ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောလိုက်ပါတယ်။
2021-11-24
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်တဲ့ PDF-UGF မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်း တစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တစ်ခုက ဝင်ရောက်သိမ်းပိုက်ခဲ့ရာမှာ ပြောက်ကျားတပ်ဖွဲ့ဝင် တွေက ကြိုတင်သိရှိပြီး မိုင်းထောင် ဆုတ်ခွာသွားတဲ့အတွက် လူသူလက်နက် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
2021-11-23
ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အတွက် ပါဝင်လှုပ်ရှားတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ရှေ့နေ ထုံခမ်းကျင်းကို စစ်ကောင်စီက အောက်တိုဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
2021-11-22
ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်ကနေ ၂၅ရက်နေ့အထိ အွန်လိုင်းကတဆင့် ကျင်းပမယ့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အာဆီယံနဲ့နိုင်ငံတကာ ညီလာခံမှာ အာဆီယံဝန်ကြီးတချို့နဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်လည်း ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခံထားရပါတယ်။
2021-11-22
ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာမှာ ကိုယ်ဝန် ခုနစ်လရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို အဲဒီရွာမှာ စခန်းချခဲ့တဲ့ တပ်မ - ၂၂ လက်အောက်ခံ စစ်သား နှစ်ဦးက အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက RFA ကိုပြောပါတယ်။ အလားတူ အဲဒီနေ့ ညမှာပဲ ကလေးမီးဖွားပြီးစ အသက် ၂၇ နှစ်အရွယ် နောက်ထပ် အမျိုးသမီးတစ်ဦးကို စစ်သားသုံးဦးက အဓမ္မ ပြုကျင့်ခဲ့ကြတယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။
2021-11-18
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ချင်းဆိုင်ရွာအနီးမှာ နိုဝင်ဘာ ၁၈ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ လေ့ကျင့်ရေးတပ်ရင်း အမှတ် ၁ဝ က တပ်ဖွဲ့တစ်ခုကို ကလေး PDF လက်အောက်ခံ UGF မြို့ပြပြောက်ကျားတပ်ဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီဘက်က ၁၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရပါတယ်။
2021-11-16
မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ စစ်တပ်နဲ့အာဏာရပါတီတွေအကြား အဆင်ပြေရုံမျှနဲ့ ပြေလည်သွားမှာမဟုတ်ဘဲ တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုပါ တပါတည်းဖြေရှင်းဖို့ လိုအပ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်းညွန့်လွင်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa နဲ့တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2021-11-10
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် သံအမတ်ဟောင်း Bill Richardson က မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး အကောင်းမြင်တဲ့အကြောင်း RFA နဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ သဘောထား ကွဲပြားမှုတွေကြောင့် အကူအညီလိုအပ်နေတဲ့ ပြည်သူ ၅၅ သန်းက ဓားစာခံ မဖြစ်သင့်ဘူးလို့လည်း သူက ပြောသွားပါတယ်။
2021-11-09
စစ်ကိုင်းတိုင်းကို အာဏာာသိမ်းစစ်ကောင်စီက အရှိန်မြှင့် ထိုးစစ်ဆင်နေပြီး ကားလမ်းတွေကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်မှုတွေရှိလို့ အထိနာနေပြီး စစ်သားတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်နေပါတယ်။
2021-11-08
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု ခရီးစဉ်အဖြစ်သွားရောက်ခဲ့တဲ့ အမေရိကန် သံအမတ်ဟောင်း Bill Richardson ဟာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ နဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန် သတင်းသမား Danny Fenster လွတ်မြောက်ဖို့ ကိစ္စတွေကို မလုပ်နိုင်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ ကိစ္စတွေ အောင်မြင်မှုရခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2021-10-31
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီက ပြည်သူတွေကို အင်အားအလွန်အကျွံ သုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်သလို၊ ဒီလုပ်ရပ်ဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ Human Rights Watch – HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က သုံးသပ်ပြောဆိုလိုက်ပါတယ်။
2021-10-30
ပုခက်လွှဲတဲ့လက်တွေကနေ စစ်အာဏာရှင်အမြစ်ပြုတ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လာကြတဲ့ အမျိုးသမီးစစ်သည်တော်များအဖွဲ့ တစ်ဖွဲ့ အခုရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပါတယ်။
2021-10-30
စစ်ကောင်စီတပ်တွေရဲ့အန္တရာယ်ကိုစိုးရိမ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ မှာတော့ နေအိမ်အလုံး ၂၀၀ နီးပါး မီးလောင်သွားပါတယ်။
2021-10-27
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ ပြီးခဲ့တဲ့ တနင်္လာနဲ့ အင်္ဂါ ၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကနီမြို့နယ် PDF က ၁ဝ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က တပ်သား အများအပြား သေကြေဒဏ်ရာရပြီး PDF ဘက်က နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။