ကလေးမှာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး PDF ဗုံးခွဲခံရလို့ သေဆုံး
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.11.18
2021.11.18
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ချင်းဆိုင်ရွာအနီးမှာ နိုဝင်ဘာ ၁၈ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ လေ့ကျင့်ရေးတပ်ရင်း အမှတ် ၁ဝ က တပ်ဖွဲ့တစ်ခုကို ကလေး PDF လက်အောက်ခံ UGF မြို့ပြပြောက်ကျားတပ်ဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီဘက်က ၁၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရပါတယ်။
အဲဒီ ကလေးမြို့နယ်မှာပဲ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ PDF အဖွဲ့ဝင်ဆေးတပ်သား အမျိုးသမီး ၈ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အနီးအနားရှိ တပ်စခန်းတခုကို မနေ့က ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ကလေးမြို့နယ် PDF လက်အောက်ခံ UGF မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဦးမင်းသူ ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။