ဒီပဲယင်းမြို့နယ်မှာ ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေ ရောက်လာပြီး ရွာတွေကို မီးရှို့နေ
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.11.09
2021.11.09
စစ်ကိုင်းတိုင်းကို အာဏာာသိမ်းစစ်ကောင်စီက အရှိန်မြှင့် ထိုးစစ်ဆင်နေပြီး ကားလမ်းတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်မှုတွေရှိလို့ အထိနာနေပြီး စစ်သားတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်နေပါတယ်။
ဒီပဲယင်းမြို့နယ်ကို နိုဝင်ဘာလ ၈ ရက်နေ့က ရဟတ်ယာဉ် ၆ စီးနဲ့ စစ်သားအင်အား ၁၅ဝလောက် ပို့ဆောင်ခဲ့ပြီး ပတ်ဝန်းကျင်ကျေးရွာတွေမှာ မီးရှို့လုယက်တာတွေ ခံနေရတယ်လို့ ဒီပဲယင်း PDF အဖွဲ့က ပြောပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက ဒီပဲယင်း PDF ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသုခ ကို ဆက်သွယ်မေးမြန်းထားပါတယ်