စစ်အာဏာရှင်ကို အမြစ်ပြုတ်တော်လှန်မယ့် မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်အဖွဲ့
2021.10.30
ပုခက်လွှဲတဲ့လက်တွေကနေ စစ်အာဏာရှင်အမြစ်ပြုတ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လာကြတဲ့ အမျိုးသမီးစစ်သည်တော်များအဖွဲ့ တစ်ဖွဲ့ အခုရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအဖွဲ့ကတော့ မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များ အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြည်သူတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်အမြစ်ပြတ်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ထွက်လာရေး၊ ကျား၊ မ တန်းတူ အခွင့်အရေးရရှိရေး ဖော်ဆောင်ဖို့ ကတိပြုထားကြပါတယ်။
အဖွဲ့ တာဝန်ရှိသူကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။ လုံခြုံရေးအရ သူ့ရဲ့အမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပါဘူး။