PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းမည်ဟု NUG ပြော

2021.12.27

လာမယ့်နှစ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပူးပေါင်း ပြီး စစ်ရေးအရ ဗျူဟာမြောက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အလုံအလောက်လက်နက် တပ်ဆင်ပေးနိုင် ခြင်း မရှိသေးပေမယ့် အစွမ်းကုန် ကြိုးစားဖြေရှင်းနေတယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။