တော်လှန်ရေးသမား ဖြစ်လာတဲ့ အမျိုးသမီး လွှတ်တော်အမတ် ဒေါ်သီရိရတနာ

2021.11.26

အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပြည်သူတွေအတွက် မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ထမ်းချင် တာကြောင့် တော်လှန်ရေးဆက်လုပ်သွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိနေ တဲ့ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောလိုက် ပါတယ်။

သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်သာ မှာ အခြားလွှတ်တော် အမတ် ၄၀၀ ကျော်နဲ့အတူ ရဲနဲ့စစ်တပ်ရဲ့ ဝိုင်းဝန်းပိတ်ဆို့တာကို ကြုံခဲ့ရပါတယ်။ အဲဒီနောက် သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်ကို ပြန်ရောက်တဲ့အခါ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တာကြောင့် ပုဒ်မ-၅၀၅ အထုတ်ခံရပြီး ရဲနဲ့စစ်တပ်ရဲ့ လိုက်လံဖမ်းဆီးတာကို ရင်ဆိုင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ခြောက်လခန့်ကတော့ စစ်တပ်ရဲ့လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒေါ်သီရိရတနာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အသက်အန္တရာယ်ကြားကနေ သူဘယ်လို လွတ်မြောက်လာသလဲ၊ လက်ရှိ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင် နေရလဲ၊ ပြည်သူတွေအတွက် သူဘာတွေ ဆက်လုပ်နေသလဲဆိုတာ သိနိုင်ဖို့ ဒေါ်သီရိရတနာကို RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။