သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-08-31
ပဲခူးမြစ်ရေ လျှံတက်နေမှုကြောင့် ပဲခူးမြို့တွင်းက လူနေရပ်ကွက် အတော်များများမှာ သြဂုတ်လ ၃၁ ရက် ဒီကနေ့ တတိယမြောက်နေ့ အဖြစ် ဆက်လက် ရေနစ်မြုပ်နေဆဲ ဖြစ်ပြီး ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
2010-08-31
မြန်မာနိုင်ငံအောက်ပိုင်းမှာ ကျရောက်ခဲ့ပြီး လူပေါင်း ၁ သိန်းကျော် သေဆုံးပျက်စီးခဲ့ရတဲ့ ဆိုက်ကလုံးနာဂစ် မုန်တိုင်းဘေးနဲ့ ပတ်သက်လို့ အာဆီယံနဲ့ ကုလသမဂ္ဂတို့ သြဂုတ်လ ၃၀ ရက် မနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။
2010-08-31
စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အမှာစကားကို မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တွေက ဒေသအတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုကို လှုပ်ရှားမှုတခုအနေနဲ့ လိုက်လံပြီး ရှင်းပြနေတယ်လို့ အင်န်အယ်လ်ဒီ လူငယ် ကိုနေမျိုးကျော်က RFA ကို ပြောပြပါတယ်၊
2010-08-31
ဩဂုတ်လ ၂၈ ရက် စနေနေ့ကနေ ဩဂုတ်လ ၃၁ ရက် အင်္ဂါနေ့ အထိ ၄ ရက်ကြာခဲ့တဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး သြဂုတ် ၃၁ ရက် ဒီကနေ့ည ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမယ်လို့ သိရပါတယ်။
2010-08-31
စစ်အစိုးရအဆိုပြုထားတဲ့ နယ်ခြားစောင့်တပ ်ဖွဲ့စည်းရေး အဆိုပြုချက်ကို ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အို အဖွဲ့က ဒီကနေ့ သြဂုတ်လ ၃၁ ရက်မှာ သဘောထား ကြေညာချက်တစောင်ထုတ်ပြန်ပြီး တရားဝင် ငြင်းဆိုလိုက်ပါတယ်။
2010-08-31
မြန်မာစစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး၊ အရပ်ဝတ်လဲပေမဲ့လဲ အာဏာရှင်တွေ အဖြစ်ကနေ ပြောင်းလဲမသွားကြောင်း ဒါကြောင့် မြန်မာနိုင်ငံက ပြဿနာတွေအပေါ် အမေရိကန် အစိုးရရဲ့ ရှုမြင်မှုဟာလည်း မပြောင်းလဲကြောင်း အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြား လိုက်ပါတယ်။
2010-08-31
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ မြဝတီနယ်စပ်ကို ဆက်လက် ပိတ်ထားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ ပို့ကုန်သွင်းကုန် လိုင်စင်ရပြီးသား မြန်မာကုန်သည်တွေအနေနဲ့ ကော့သောင်းနဲ့ တာချီလိတ်ဘက်ကသာ ကုန်သွယ်ကြဖို့ စစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်သည်တွေကို ညွှန်ကြားလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။
2010-08-30
တချိန်က ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံဟာ ဆန်တင်ပို့မှု လုပ်ငန်းကဏ္ဍ အားကောင်းလာအောင် ကြိုးစားနေတာ တွေ့ရတဲ့အတွက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်တင်ပို့မှု အများဆုံး နိုင်ငံ ပြန်ဖြစ်လာနိုင်ကြောင်း ကုန်သည်ကြီးတွေနဲ့ သံတမန်တွေက ပြောပါတယ်။
2010-08-30
ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို ဒီကနေ့ မနက် ၁၁ နာရီလောက်က စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာမှာ မိသားစု ဆွေမျိုးတွေကို တက်ရောက် နားထောင်ခွင့် ပိတ်ပင်ခဲ့တယ်လို့ တရားရုံးကို သွားရောက်ခဲ့သူတဦးက RFA ကို ပြောပါတယ်။
2010-08-30
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ သြဂုတ်လ ၃၀ ရက် ဒီကနေ့ ပဲခူးတိုင်းအတွင်းက မြို့နယ်တွေကို သွားရောက်ပြီး အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေ၊ ပါတီနိုင်ငံရေး ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-08-30
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် ဒီကနေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ နိုင်ငံရေးပါတီအသီးသီးက နောက်ဆုံးထား တင်ပြကြရာမှာ အတိုက်အခံ ဒီမိုကရေစီပါတီတွေက ရွေးကောက်ပွဲဝင်မဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ဟာ စစ်အစိုးရကျောထောက် နောက်ခံပေးထားတဲ့ ပါတီတွေထက် အများကြီး နည်းနေတယ်လို့ သိရပါတယ်။
2010-08-30
လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကို Firefox, Chrome အစရှိတဲ့ browser အသုံးပြုပြီး ဖတ်ရှုမယ်ဆိုရင် Zawgyi-One မြန်မာစာလုံးကို ရယူပြီး မိမိကွန်ပျူတာရဲ့ စာလုံးများ ထားရှိရာနေရာမှာ ထည့်သွင်းရပါမယ်။
2010-08-29
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဒီနှစ် မိုးရာသီအတွင်း ကွက်ကြားမိုးပဲ ရွာသွန်းတဲ့အတွက် အဓိကကျတဲ့ ရေတွင်းရေကန်တွေ ရေခန်းကုန်ပြီး သီးနှံ စိုက်ပျိုးရေး မစနိုင်သေးဘူးလို့ သိရပါတယ်။
2010-08-29
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရက် နောက်ဆုံးအချိန် နီးကပ် လာတာနဲ့အမျှ ပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် များနိုင်သမျှ များများ စာရင်းတင်သွင်းနိုင်ဖို့ အပူတပြင်း လုံးပန်းနေ ရသလို အခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။
2010-08-29
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ရာထူးကနေ နှုတ်ထွက် သွားကြပြီ ဆိုတဲ့သတင်းတွေ မမှန်ကန်ဘူးလို့ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက RFA ကို ဒီကနေ့ ပြောပါတယ်။