ဆိုက်ကလုံးနာဂစ်ဘေး အာဆီယံနှင့် ကုလဆွေးနွေး

မြန်မာနိုင်ငံအောက်ပိုင်းမှာ ကျရောက်ခဲ့ပြီး လူပေါင်း ၁ သိန်းကျော် သေဆုံးပျက်စီးခဲ့ရတဲ့ ဆိုက်ကလုံးနာဂစ် မုန်တိုင်းဘေးနဲ့ ပတ်သက်လို့ အာဆီယံနဲ့ ကုလသမဂ္ဂတို့ သြဂုတ်လ ၃၀ ရက် မနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။

2010.08.31
nargis_bodies_305_z.jpg နာဂစ် လေမုန်တိုင်း ကျရောက်ပြီးနောက် လပွတ္တာရှိ လယ်ကွင်းတခုတွင် ပြန့်ကျဲနေသော အလောင်းများကို ၂၀၀၈ မေလ ၇ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များကို မြန်မာစစ်အစိုးရက အချိန်မီ ဝင်ခွင့်မပေးပဲ တားဆီးထားသဖြင့် ပြည်သူများစွာ မသေသင့်ပဲ သေဆုံးခဲ့ရ၏။ (Photo: AFP)
(Photo: AFP)

ဒီဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နိုင်ငံတကာက ကူညီကယ်ဆယ်ရေးတွေကို အချိန်ဆိုင်းထားခဲ့တာကို ထောက်ပြီး နောင်အနာဂတ်မှာ ဒီလိုသဘာဝဘေးဒဏ်ကျရောက်လာခဲ့ရင် အချိန် မဆိုင်းပဲ ကူညီရေးလုပ်နိုင်ဖို့ အရေးကြီးကြောင်း အလေးထားပြောကြားခဲ့တယ်လို့ သိရပါတယ်။

မနေ့ကဆွေးနွေးပွဲမှာ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က နာဂစ်မုန်တိုင်းကျအပြီး မြန်မာအစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေးနဲ့ ကူညီရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေရဲ့ အပြုအမူ ပိုကောင်းမွန်လာခဲ့ကြောင်း၊ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေနဲ့ မြန်မာ အစိုးရအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြောင်း ပြောကြားပါတယ်။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက မုန်တိုင်းကျအပြီး ကယ်ဆယ်ရေးနဲ့ ကူညီရေးအတွက် အကူအညီ အပူတပြင်း လိုနေချိန်မှာ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာ အချိန်ဆွဲထားတာ၊ ဆိုင်းငံ့ထားတာနဲ့ မုန်တိုင်းကျဒေသတွေကို သွားရောက်ကယ်ဆယ်ခွင့် တားမြစ် ကန့်သတ်တာတွေကြောင်း ပြည်သူအများ မသေသင့်ပဲ သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။