ယူနီဖောင်းချွတ်၊ အရပ်ဝတ်လဲသော်လည်း အမေရိကန်အမြင် မပြောင်းလဲ

မြန်မာစစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး၊ အရပ်ဝတ်လဲပေမဲ့လဲ အာဏာရှင်တွေ အဖြစ်ကနေ ပြောင်းလဲမသွားကြောင်း ဒါကြောင့် မြန်မာနိုင်ငံက ပြဿနာတွေအပေါ် အမေရိကန် အစိုးရရဲ့ ရှုမြင်မှုဟာလည်း မပြောင်းလဲကြောင်း အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြား လိုက်ပါတယ်။

2010.08.31
generals_03-09_305_z.jpg နေပြည်တော်တွင် ၂၀ဝ၉ ခုနှစ် မတ်လ ၂၇ရက်နေ့က ကျင်းပသော စစ်အစိုးရ၏ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်နေသော ထိပ်တန်း ဗိုလ်ချုပ်ကြီးများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်လဲလိုက်တဲ့ ကိစ္စဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်သွားပါသလားလို့ သတင်းထောက်တဦးက မေးမြန်းတာကို အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖိလစ် ခရော်လီက အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ခရော်လီ ပြောသွားတာကတော့ ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်ပေမဲ့ အာဏာရှင်ဆိုတာ အာဏာရှင်ပါပဲ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဖိနှိပ်မှုတွေက ဆက်လြက်ပီး ရှိနေမှာပါ၊ အရပ်သားအဖြစ် ပြောင်းလဲလိုက်တာဟာ အဖြေမဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ တကယ် လုပ်ရမှာကတော့ နိုင်ငံရေးအရ ပွင့်လင်းမှုတွေ ရှိလာအောင် လုပ်ရပါမယ်။ စစ်အစိုးရအနေနဲ့ အတိုက်အခံတွေ၊ တိုင်းရင်သား အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အတိုက်အခံ နိုင်ငံရေးပါတီတွေကို ကောင်းမွန်စွာ ရှင်သန်ခွင့်ပြုပြီး၊ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လုပ်ကိုင်ခွင့် ပြုရပါမယ်။ အခုလို လုပ်ဆောင်မှုတွေ မရှိရင်တော့ လာမဲ့ ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင်တွေ၊ အရပ်ဖက်ခေါင်းဆောင်တွေ ပါဝင်ပေမဲ့လည်း လွတ်လပ်ပြီး တရားမျှတတဲ့ အများ ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခရော်လီက ပြောကြားသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။