ရွေးကောက်ပွဲ မသမာမှုများ ဖော်ထုတ်ဖို့ အဖွဲ့ဝင်များကို NLD ရှင်းလင်း
2010.08.30

ဦးဉာဏ်ဝင်းနဲ့အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးစိုးဝင်းနဲ့ ဦးညွန့်ဝေတို့လည်း လိုက်ပါ သွားပြီး တောင်ငူခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ရွေးကောက်ပွဲ ကာလအတွင်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ရပ်တည်သင့်တဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို ရှင်းလင်း ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို မဝင်ပေမဲ့ ရွေးကောက်ပွဲကို လစ်လျူရှုထားဖို့ မဟုတ်ပဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ တွေ့ရှိခဲ့ရင် ဖော်ထုတ်ဖို့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော ပြည်သူတွေမှာပါ တာဝန်ရှိကြောင်း ပြီးခဲ့တဲ့အပတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့စဉ်က ဦးဉာဏ်ဝင်းကို မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအတွက်ကြောင့် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေ ရပ်တည်သင့်တဲ့ အနေအထားကို ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ကိုယ်တိုင် သွားရောက် ရှင်းလင်းပြောကြားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့်က အသေးစိတ် သတင်းပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့းချက်။ |
![]() |
အသံဖိုင်ယူရန် |