သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-31
ရခိုင်အမျိုးသားပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့်ပေးဖို့တင်ထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေရဲ့ နှုတ်ထွက်စာကို ပါတီနဲ့ရှင်းလင်းစရာ ကိစ္စတွေရှိနေတာသေး တာကြောင့် နှုတ်ထွက်ခွင့်ကို ပယ်ချလိုက်ပါတယ်။
2017-07-31
ရန်ကုန်လေဆိပ်မှာ မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်တရားမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။
2017-07-31
ရခိုင်ပြည်နယ်မှာ တပ်မတော်၊ ရဲ၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်ပြီး ဒေသတည်ငြိမ်အောင် ဆောင်ရွက် ခဲ့ပေမယ့် အားလုံးတည်ငြိမ်တယ်လို့ မပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ပြောကြားခဲ့ပါတယ်။
2017-07-31
ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး ရောဂါပိုး တွေ့ရှိ သူ ၆၂ ဦးနဲ့ သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
2017-07-31
ရန်ကင်းကလေးဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတဲ့ ၄ လအရွယ် ကလေးငယ်ရဲ့ အလောင်းပျောက် ဆုံးမှုကြောင့် ရန်ကင်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့အဒေါ်ဖြစ်သူ က ပြောပါတယ်။
2017-07-31
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်းကို ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ နယ် မြေတိုင်ကန်ရွာမှာ ကျင်းပမယ်လို့ သိရပါတယ်။
2017-07-31
၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေ နဲ့ နည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါ လုံးခင်း-ဖားကန့်ရတနာ နယ်မြေမှာ အသေးစားနဲ့ လက်လုပ်၊ လက်စားလုပ်ကွက်တွေကို လုပ်ကိုင် ခွင့်ပြုမှာဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး Hလအောင် က ပြောပါတယ်။
2017-07-30
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်း ၁၀၀ ကျော်က အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူတွေ အစိုးရကျောင်းတွေမှာ ပြောင်းရွှေ့သင်ကြားခွင့် ရရှိဖို့အတွက် ကျောင်းသား ကျောင်းသူစာရင်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က လာမယ့် သြဂုတ်လဆန်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးထံ ပေး ပို့သွားမယ်လို့ သိရပါတယ်။
2017-07-30
ရေဘေးကယ်ဆယ်ရေးလုပ်ငန်း နှစ်တိုင်း ကြုံနေရ တာတွေ၊ ရေစီမံခန့်ခွဲရေး စနစ်ကောင်းမွန်ဖို့ လိုအပ်တာတွေ၊ မြစ်ချောင်းတွေ တိမ်ကော ပြီး ရေကြီးရေလျှံရတာတွေနဲ့ သစ်တောပြုန်းတီးမှု ဆက်စပ်ပုံတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2017-07-30
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဒီနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
2017-07-30
အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ဆူပူနှိုးဆော်မှု ပုဒ်မ ၅၀၅(ဂ)တို့နဲ့ တရားစွဲဆိုထားတာဟာ အမျိုးသားရေး ဖိနှိပ်မှုဖြစ်တဲ့အတွက် ရပ်တန့်ဖို့ ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2017-07-30
ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပာာ သာမန်ထက်ထူးကဲတဲ့ အခြေအနေပဲ ရှိတာကြောင့် ကပ်ရောဂါအဖြစ် မသတ်မှတ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
2017-07-30
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ကျင်းပတဲ့ တောင်ပြုံးပွဲတော်အပါအဝင် တိုင်းအတွင်း ကျင်းပမယ့် ပွဲတော်အားလုံးကို ရာသီတုပ်ကွေး A(H1N1) ရောဂါ ထိန်းချုပ်နိုင်တဲ့ ကာလအထိ ပွဲကျင်းပခွင့် ရွှေ့ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
2017-07-30
ကရင်ပြည်နယ် မြဝတီမြို့မှာ ငါးဂိမ်းလို့ခေါ်တဲ့ လောင်းကစားရုံတွေကို ဖမ်းဆီးနိုင်အောင် လူထုလောင်းကစား ဖမ်းဆီးရေး အဖွဲ့တွေ ဖွဲ့စည်းခွင့်ပေးဖို့ ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ဆွေးနွေးပွဲပြုလုပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဌာနထံ တောင်းဆိုလိုက်ပါတယ်။
2017-07-30
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်းနဲ့ ရန်ကုန်တိုင်းတို့ မှာ ရေဖုံးလွှမ်းနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ပြောပါတယ်။