ဒုက္ခသည်စခန်းက ကျောင်းသား စာရင်း ကောက်ယူ
2017.07.30
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်း ၁၀၀ ကျော်က အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူတွေ အစိုးရကျောင်းတွေမှာ ပြောင်းရွှေ့သင်ကြားခွင့် ရရှိဖို့အတွက် ကျောင်းသား ကျောင်းသူစာရင်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က လာမယ့် သြဂုတ်လဆန်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးထံ ပေးပို့သွားမယ်လို့ သိရပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။