H1N1 ကပ်ရောဂါ မဟုတ်
2017.07.30

ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပာာ သာမန်ထက်ထူးကဲတဲ့ အခြေအနေပဲ ရှိတာကြောင့် ကပ်ရောဂါအဖြစ် မသတ်မှတ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်က ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ကျင်းပတဲ့ ရာသီတုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောတာဖြစ်ပါတယ်။
"သတ်မှတ်စရာမလိုပါဘူးတဲ့၊ သာမန်ထက် ထူကဲတာဖြစ်ပါတယ်တဲ့၊ အဲ့လိုမျိုး ကပ်ရောဂါလို့ မသတ်မှတ်ပါဘူးတဲ့"
ရာသီတုပ်ကွေးရောဂါနဲ့ ဒီနေ့မနက်မှာ သေဆုံးသူ ၂ ဦး ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ သေဆုံးသူ ၉ ဦး ရှိနေပြီဖြစ်ပါတယ်။ ရောဂါပိုးတေ့ွရှိ သူ ၄၈ ဦးနဲ့ သံသယရှိလူနာ ၁၃၈ ဦးရှိတယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ ရန်ကုန်၊ ဧရာဝတီ ၊ နေပြည်တော်၊ ချင်း၊ ပဲခူး၊ တနသာၤရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေ က ဖြစ်ပါတယ်။
H1N1 တုပ်ကွေးရောဂါနဲ့ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း WHO တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုး၊ ကုသရေး ဦးစီးဌာနက တာဝန်ရှိ သူတွေနဲ့ ဆေးရုံအုပ်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။