ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၃၀ ဦးရှိလာ
2019.07.05

ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ တစ်ပြည်လုံးမှာ ၃၀ ယောက်ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဇူလိုင်လ ၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဇန်နဝါရီလ တစ်ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့ ဒီနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး သံသယရှိ လူနာ ၄၂၄ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁၅၀ ယောက်ရှိခဲ့ပြီး ၃၀ ယောက် သေဆုံးခဲ့ တာဖြစ်ပါတယ်။
သေဆုံးမှုအများဆုံးမှာ ရန်ကုန်တိုင်းကဖြစ်ပြီး ရန်ကုန်တိုင်းမှာ ပိုးတွေ့သူ ၈၇ ဦး ရှိတဲ့ထဲက ၂၄ ဦး သေဆုံးခဲ့ တာဖြစ်ပါတယ်။
ကျန်တဲ့ ၆ ယောက်ကတော့ ဧရာဝတီတိုင်းက သုံးယောက်နဲ့ စစ်ကိုင်းတိုင်းက နှစ်ယောက်၊ မွန်ပြည်နယ်မှာ တစ်ယောက်တို့ H1N1 နဲ့ သေဆုံးခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)