သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-31
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ခွင့်ပြုချက်မရှိ ပဲ ဆောက်လုပ်ထားတဲ့ ဟိုတယ်၊ တည်းခိုခန်း အဆောက်အအုံ ၁၄၀ ကျော်နဲ့ နေအိမ်အဆောက် အအုံ ၄၀၀ ကျော်ကို စိစစ်အရေးယူသွားမယ် လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူ ဦးအောင်ကျော်က ပြောပါတယ်။
2016-07-31
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့အတွက် အစိုးရ၊ UNESCO နဲ့ ပြင်ပပညာရှင်တွေစုပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-31
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အခြေခံမူ ၈ ချက်ကို ယေဘူယျဘုံသဘောထားအနေနဲ့ သတ်မှတ်နိုင်ခဲ့သလို ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အခြေခံမူတွေကိုလည်း အခြေခံအနေနဲ့ သတ်မှတ်နိုင်ခဲ့တယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကို ကိုယ်စားပြုပြီး ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။
2016-07-31
ရန်ကုန်မြို့ Orchid Hotel မှာ မနက်ဖြန်ကျင်းပ မယ့် မြန်မာအမျိုးသမီးသတင်းသမားများအကြား ကွန်ရက်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အကြောင်းနဲ့ အမျိုးသမီးသတင်းသမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို Myanmar Women Journalists Society မြန်မာအမျိုးသမီး သတင်းထောက်များအသင်း အလုပ် အမှုဆောင် ဒေါ်အိမ့်ခိုင်ဦးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-31
ရန်ကုန်မြို့ အနောက်မြောက်ဘက် ကီလို ၂၇ဝ အကွာ၊ ပဲခူးတိုင်း ရွှေတောင်မြို့အနီး မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကြီး တစ်ရုံ ထူထောင် လည်ပတ်ဖို့အတွက် တင်ဒါအောင်မြင် အရွေးချယ်ခံရတယ် လို့ တောင်ကိုရိယားနိုင်ငံက ဒေဝူးကုမ္ပဏီက ကြေညာလိုက်ပါတယ်။
2016-07-31
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှုလှုပ်ရှားမှုအဖွဲ့ က စောင့်ရှောက်ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက်အတွက် တရားဝင်နေထိုင်ခွင့်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2016-07-31
မူးယစ်ဆေးသုံးစွဲသူတွေထက် မူးယစ်ဆေး ဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေကို တိုက်ဖျက်ဖို့ လိုအပ်ကြောင်း ကချင်ပြည်နယ် စည်ပင်သာ ယာရေးဝန်ကြီး ဦးနေဝင်း က ပြောပါတယ်။
2016-07-31
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲနဲ့ ကာတွန်းပြပွဲ ကို ကြိုဆိုကြောင်း မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
2016-07-31
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မှာ အိမ်ထောင်စု ၄ ထောင်ကျော် လူဦးရေ ၂ သောင်းနီး ပါး ရေဘေးဒဏ်ခံနေရတဲ့အတွက် ကုန်းမြင့်တဲ့နေရာတွေ ကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
2016-07-31
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဆဲဆိုထားတဲ့ အသံဖိုင်ကို အသံချဲ့စက်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ပဲခူးတိုင်း ပြည် မြို့နယ်က ဒေသခံတစ်ဦးကို နိုင် ငံတော်အစိုးရကို အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။
2016-07-31
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ညောင်ပင်သာကျေးရွာ အနီးက တောစပ်မှာ မနေ့ညက မိုင်းနင်းမိပြီး ညောင်ပင်သာ ရွာက တောင်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။
2016-07-31
ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းမှာ ခွင့်ပြု ချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ နေအိမ်အဆောက်အအုံ ၄၀၀ ကျော်ကို ပုဂံ ယဉ်ကျေးမှုဒေသ စီမံခန့်ခွဲရေးကော်မ တီက စိစစ်အရေးယူသွားမယ်လို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီး ဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော် က ပြောပါတယ်။
2016-07-30
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့် ကြိတ်စက်ရုံတချို့ဟာ အနံ့ဆိုးမ ထွက်အောင်ဆောင်ရွက်ဖို့နဲ့ ရေဆိုးတွေကို ပင်လယ်ထဲ မစွန့်ပစ်ဖို့ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာ တဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်း ဖို့ ညွှန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
2016-07-30
နိုင်ငံရေးပါတီအားလုံး ၂၁ ရာစု ပင်လုံညီလာခံမှာ တန်းတူပါဝင်ခွင့်ရရှိဖို့နဲ့ သြဂုတ်လမှာ ကျင်းပမယ့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို နိုင်ငံတော်အစီအစဉ်နဲ့ ကျင်းပဖို့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေးပါတီ ၃ဝ ကျော်က တောင်းဆိုလိုက်ပါတယ်။
2016-07-30
မြန်မာနိုင်ငံပြဿနာဖြေရှင်းမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ အာလုံးပါဝင်နိုင်မယ့်သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်ဖို့ မိုင်ဂျာယန်ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်ပင်နေကြသလို၊ ဒီကိစ္စကို NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့အဖွဲ့ တွေပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြတယ်လို့ သိရပါတယ်။