စည်းကမ်းမဲ့ ငါးမှုန့်ကြိတ် စက်ရုံတွေ မြိတ်မှာ ပိတ်မယ်
2016.07.30
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတချို့ကို တိုင်းဒေသကြီးအစိုးရက အနံဆိုးမထွက်အောင်နဲ့ ရေဆိုးတွေ ပင်လယ်ထဲမစွန့်ပစ်ဖို့ ညွှန်ကြားတာကို မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆လ ရပ်ဆိုင်းမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။