စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း
2016.07.31
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှုလှုပ်ရှားမှု အဖွဲ့က စောင့်ရှောက်ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက်အတွက် တရားဝင်နေထိုင်ခွင့်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံမဲ့သူများဆိုင်ရာ NHRC ဆပ်ကော်မတီဥက္ကဌနဲ့ အဖွဲ့ဟာ မဲဆောက် မြို့နယ်မှာ SAW အဖွဲ့ကဖွင့်လှစ်ထားတဲ့ရိပ်သာကို အလည်အပတ်သွားပြီးနောက်မှာ အဲ့ဒီလိုတိုက်တွန်းလိုက်တာပါ။
တရားဝင်နေထိုင်ခွင့်မရှိကြတဲ့ ဒီကလေးတွေအတွက် လူထုရဲ့အကူအညီကို SAW က မတောင်းခံနိုင်ဘူး၊ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒီကလေးတွေကို ချက်ချင်းအကူအညီပေးပါလို့ Mr. Surapol က တိုက်တွန်းပါတယ်။
SAW ဟာ နာမကျန်းဖြစ်နေတဲ့ အမျိုုးသမီးတွေကိုလည်း ကူညီစောင့်ရှောက်ထားတဲ့အတွက် ဒီအဖွဲ့ကို ကူညီထောက်ပံ့နိုင်အောင် ဖောင်ဒေးရှင်းတစ်ခုထူထောင်ဖို့ ကြိုးစားမယ်လို့လည်း ပြောပါတယ်။