0:00 / 0:00
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထားတဲ့ ဟိုတယ်၊ တည်းခိုခန်း အဆောက်အအုံ ၁၄၀ ကျော်နဲ့ နေအိမ်အဆောက်အအုံ ၄၀၀ ကျော်ကို စိစစ်အရေးယူသွားမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်က ပြောပါတယ်။
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။