ရွှေတောင်မြို့မှာ လျှပ်စစ် စက်ရုံထောင်ဖို့ ဒေဝူးကုမ္ပဏီ တင်ဒါအောင်


2016.07.31

ရန်ကုန်မြို့ အနောက်မြောက်ဘက် ကီလို ၂၇ဝ အကွာ၊ ပဲခူးတိုင်း ရွှေတောင်မြို့အနီးမှာ လျှပ်စစ်ဓါတ်အားပေး စက်ရုံကြီး တစ်ရုံ ထူထောင်လည်ပတ်ဖို့အတွက် တင်ဒါအောင်မြင် အရွေးချယ်ခံရတယ်လို့ တောင်ကိုရိယားနိုင်ငံ က ဒေဝူးကုမ္ပဏီက ကြေညာလိုက်ပါတယ်။

သဘာဝဓါတ်ငွေ့ အသုံးပြုပြီး လည်ပတ်မယ့် အဲ့ဒီ ဓါတ်အားပေးစက်ရုံဟာ လျှပ်စစ်ဓါတ်အား ကီလိုဝပ် ၇ဝဝဝဝ ထုတ်လုပ်နိုင်မှာဖြစ်ပြီး အနီးပတ်ဝန်းကျင် နယ်မြေဒေသကို အနှစ် ၂ဝ လောက် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး သွားမှာ ဖြစ်ပါတယ်။

လာမယ့် ၂ဝ၁၉ ခုနှစ်မှာ အပြီးတည်ဆောက်လည်ပတ်နိုင်ဖို့အတွက် မိတ်ဖက်ကုမ္ပဏီတွေ မကြာခင် ရှာဖွေခေါ်ယူ သွားမယ်လို့လည်း ဆိုပါတယ်။

ဒေဝူးကုမ္ပဏီဟာ ဘင်္ဂလားပင်လယ်ပြင်မှာ ၂ဝ၁၃ ခုနှစ်ကထဲက  သဘာဝဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။