သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-30
မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသူ ၄ ဦးကို ရန်ကုန်နဲ့ ထားဝယ်က တရားရုံးတွေမှာ မနေ့က တရားစွဲဆိုလိုက်ပါတယ်။
2018-06-30
ဇွန်လ ၂၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " နိုင်ငံတကာဖိအားတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသင့်သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးမယ့်သူတွေက မချယ်ရီဇာဟောင် ( အမျိုးသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ)၊ မလွေးပိုးငယ် (အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ ) နဲ့ ကိုသီဟသွေး ( နိုင်ငံခြားသတင်းထောက် ) တို့ ဖြစ်ပါတယ်။
2018-06-30
ရန်ကုန်တိုင်း ကော့မှူး၊ တွံတေးနဲ့ ဒလမြို့နယ်က လယ်သမားတွေနဲ့ လယ်သမားအရေးဆောင်ရွက်သူ စုစုပေါင်း တရာနီးပါးဟာ လယ်မြေသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးဖို့အတွက် ဇွန်လ ၃ဝ ရက်နေ့က ကော့မှူးမြို့နယ်ကနေ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
2018-06-30
ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ လက်ခံရေးစခန်းတွေ နယ်စပ်မှာ ဖွင့်ထားပေမယ့် ပြန်လာသူမရှိဖြစ်နေတယ်လို့ ဇွန်လ ၃ဝ ရက်နေ့ထုတ် AFP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။
2018-06-30
မြန်မာအစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ် လိုကြောင်း ပြည်ထောင်စုဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
2018-06-30
အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတချို့ တက်ရောက်ခဲ့ ပါတယ်။
2018-06-30
မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးရမိသူ ၄ ဦးကို ရန်ကုန်နဲ့ ထားဝယ်က တရားရုံးတွေမှာ မနေ့က မူးယစ်ပုဒ်မ ၂ဝ(ခ) /၂၂(က) နဲ့ တရားစွဲဆိုလိုက်ပါတယ်။
2018-06-30
ရန်ကုန်တိုင်းအတွင်း လူမှုကူညီရေးအဖွဲ့တွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမခံ ရအောင် ထောက်ခံချက်တွေ ထုတ်ပေးဖို့အတွက် ပရဟိတအဖွဲ့ ၁ဝဝ ကျော်က တိုင်းအစိုးရအဖွဲ့ထံ အသနားခံစာတင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-06-30
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို ဇူလိုင်လကုန်မှာ အပြီးသတ်ရေးသားမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒီနေ့ ပြောပါတယ်။
2018-06-30
လယ်မြေသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးဖို့ လမ်းလျှောက်တောင်းဆိုပွဲကို လယ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ တောင်သူ စုစုပေါင်း ၁ဝဝ နီးပါးက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ စတင်လိုက်ပါတယ်။
2018-06-30
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ကို မြန်မာဘက်အခြမ်းက လိုဏ်ဂူတွေမှာ တာချီလိတ်ခရိုင်ရဲတပ်ဖဲ့ွ၊ ကြက်ခြေနီနဲ့ မီးသတ်အင်အား ၅ဝ လောက်က ရှာဖွေနေတာ ဒီနေ့ဆိုရင် ၃ ရက်ရှိနေပြီဖြစ်ပေမယ့် ထူးခြားမှုတစ်စုံတစ်ရာ မတေ့ွရသေးဘူးလို့ ရှာဖွေရေးလုပ်ငန်းမှာ ပါဝင်သူတွေက ပြောပါတယ်။
2018-06-30
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား မကြာခင်က လျှို့ဝှက်သဘောတူညီချက်တစ်ခု ရေးထိုးခဲ့ရာမှာ အဲဒီသူတွေပြန်လာတဲ့အခါ ရခိုင်ပြည်နယ်ရှိ တခြားတိုင်းရင်းသားအားလုံး နည်းတူ လွတ်လပ်ခွင့်တွေ ရရှိမှာဖြစ်ပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည် နယ်နိမိတ်ကို ကျော် လွန်ပြီး တခြား တိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့် အတွက် ကတိပြုခြင်းတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။
2018-06-29
ဇွန်လ ၂၈ ရက်၊ ညနေပိုင်းက ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ယာအနီးက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်ဒေသမှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် ၁ဝ နှစ်ရွယ် မွတ်စလင် ကလေးငယ်တစ်ဦး ဆေးရုံတက်ရောက် ကုသနေရပါတယ်။ နယ်စပ်ခြံစည်းရိုးကို လာရောက် ဖျက်ဆီးတာကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ခြောက်လှန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
2018-06-29
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား မကြာခင်က လျှို့ဝှက်သဘောတူညီချက်တစ်ခု ရေးထိုးခဲ့ရာမှာ အဲဒီသူတွေပြန်လာတဲ့အခါ ရခိုင်ပြည်နယ်ရှိ တခြားတိုင်းရင်းသားအားလုံးနည်းတူ လွတ်လပ်ခွင့်တွေ ရရှိမှာဖြစ်ပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည် နယ်နမိတ်ကို ကျော်လွန်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်အတွက် ကတိပြုခြင်းတော့ မပါဝင်ဘူးလို့ နောက်ဆုံးရ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။
2018-06-29
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေရပ်စဲဖို့အဆိုနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ၂ဝ၁၈ ဇွန်လ ၂၉ ရက်နေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူဦးရေ သုံးပုံနှစ်ပုံမပြည့်တဲ့အတွက် စွပ်စွဲချက်မမှန်ကန်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။