မလေးမူးယစ်မှု ၄ ဦးကို တရားစွဲဆိုတဲ့အကြောင်း မေးမြန်းချက်
2018.06.30
မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသူ ၄ ဦးကို ရန်ကုန်နဲ့ ထားဝယ်က တရားရုံးတွေမှာ မနေ့က တရားစွဲဆိုလိုက်ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဆောင်ရွက်နေတဲ့အခြေအနေကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တားဆီးနှိမ်နင်းရေးဌာန ဌာနမှူး ရဲမှူးကြီး ရွှေညာမောင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။