လက်ခံရေးစခန်း ပြန်လာသူကင်းမဲ့


2018.06.30
maungtaw-station-622.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့က လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ လက်ခံရေးစခန်းတွေ နယ်စပ်မှာ ဖွင့်ထားပေမယ့် ပြန်လာသူမရှိဖြစ်နေတယ်လို့ ဇွန်လ ၃ဝ ရက်နေ့ထုတ် AFP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

လက်ခံရေးစခန်းတွေဟာ တစ်နေ့ကို ဒုက္ခသည် ၁၅ဝ ပြန်လည်လက်ခံနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီစခန်းတွေကို ဇန်နဝါရီလက စပြီးဖွင့်ထားပြီး အသင့်ပြင်ထားတာဖြစ်တယ်လို့ လူဝန်မှုကြီးကြပ်ရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

မနှစ်က မြန်မာနိုင်ငံဘက်ကနေထွက်ခွာသွားသူ ၇ သိန်းအနက် စခန်းကိုပြန်ရောက်လာသူ အခုအချိန်ထိ လူ ၂ဝဝ အောက်ပဲရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက မိသားစု ၅ ဦးပါ တစ်စုဝင်ရောက်လာတယ်ဆိုတဲ့သတင်းကို အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့ဟာ နှစ်နိုင်ငံကြားဒေသ မြန်မာနိုင်ငံပိုင်နက်က ပြန်လာသူတွေဖြစ်နေ ပါတယ်။

မောင်းတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြန်လည်ရောက်ရှိလာသူတွေကို နေရာချထားချိန်မှာ သူတို့အတွက် အခြေအနေကောင်းတွေ ဖန်တီးပေးဖို့ အစီအစဉ်တွေရှိကြောင်း ပြောပါတယ်။ ဒါပေမဲ့ အင်းဒင်ရွာခံ ဒေါ်ခင်စိုး ဆိုသူ ရခိုင်အမျိုးသမီးတစ်ဦးကတော့ သူတို့မှာ ကြောက်စိတ်တွေ မပြေနိုင်သေးပါဘူး အကယ်၍သာ အစိုးရက ပြန်လာ သူတွေကို  ဒီနေရာမှာ ထပ်ပြီးနေရာချထားမယ်ဆိုရင် ကျမတို့တော့ ဒီမှာ မနေတော့ဘူးလို့ ပြောပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။