သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-30
မင်းဘူးခရိုင် တရားရုံးမှာ ပြင်ဆင်ချက် တင်ပြီး အယူခံဝင်နေတဲ့ မကွေးတိုင်း ကမ္မမြို့နယ် စစ္စရံရွာက ထောင်ဒဏ် (၈) နှစ်ကျော်စီ ချမှတ်ခံထားရတဲ့ လယ်သမား (၅) ဦးရဲ့ အမှု အနိုင်ရလိုက်တဲ့ အတွက် သူတို့ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့လွှတ်ဝရမ်း ထုတ်ပေးလိုက်ပြီလို့ သတင်း ရရှိပါတယ်။
2011-06-30
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက် တွေကို ဝေဖန် သတိပေးထားတဲ့ ဆောင်းပါးတပုဒ်ကို ဒီကနေ့ မြန်မာအစိုးရ သတင်းစာတွေ ဒုတိယနေ့အဖြစ် ဖော်ပြထားပါတယ်။
2011-06-30
နိုင်ငံရေးသမားတဦးဟာ ပြည်သူတွေနဲ့ ထိတွေ့ဖို့ လိုအပ်တာကြောင့် သူ့အနေနဲ့ နယ်ခရီးစဉ်တွေကို စတင်မှာ ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2011-06-30
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရပ်တည်မှုနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက သတိပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2011-06-30
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားတဲ့ အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Derek Mitchell ရဲ့ ကြားနာပွဲကို အမေရိကန် အထက်လွှတ်တော် အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ နိုင်ငံခြားရေးရာ ဆပ်ကော်မတီမှာ မနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2011-06-30
အာဏာသိမ်း စစ်အစိုးရ ဖျက်သိမ်းပြီးနောက်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို လေ့လာ အကဲခတ်ဖို့ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ms. Kikuta ဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
2011-06-29
NLD ပါတီဟာ တရားမဝင် ပါတီဖြစ်တာကြောင့် လက်ရှိ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးကြေညာချက် ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကြား ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအပေါ် စိုးရိမ်ထိတ်လန့်ရာ ရောက်နေတယ်လို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေက သုံးသပ်ကြပါတယ်။
2011-06-29
မွန်ပြည်နယ်အတွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အားလုံး ဇွန်လ ၃၀ ရက်၊ မနက်ဖြန် နောက်ဆုံး ထားပြီး လက်နက်ချကြဖို့ မြန်မာအစိုးရက ကြေညာထားတယ်လို့ သိရပါတယ်။ ဒီကြေညာချက်ကို ကျိုက်မရော၊ သံဖြူဇရပ်၊ မုဒုံစတဲ့ မြို့တွေက အစိုးရ ရုံးတွေမှာ အခု ရက်ပိုင်း အတွင်း ကပ်ထားတာ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
2011-06-29
NLD ပါတီ အနေနဲ့ တရားဥပဒေနဲ့ အညီ လိုက်နာ ဆောင်ရွက်ရေး ဆိုပြီး ပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးစာနဲ့ ပတ်သက်ပြီး NLD ပါတီဟာ ဥပဒေ နဲ့ အညီ ရပ်တည်လျက်ရှိတဲ့ ပါတီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း NLD ပါတီက ကြေညာချက်စာတစောင် ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။
2011-06-29
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်မြန်မာပြည် လူငယ်တွေနဲ့ ရန်ကုန် အန်အယ်လ်ဒီ ရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးရာမှာ တိုင်းပြည်ရဲ့အနာဂတ်ဟာ လူငယ်တွေ အပေါ်မှာ မူတည်တာ မှန်ပေမယ့် အဲဒီလူငယ်တွေ အနေနဲ့ အရည်အချင်း ပြည့်ဝဖို့ လိုအပ်ကြောင်း ပြောဆိုသွားပါတယ်။
2011-06-28
တရုပ်-မြန်မာနယ်စပ် မူဆယ်မြို့ ဈေးအတွင်း ဒီကနေ့ မနက်က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဆိုင်ခန်းပေါင်း ၂၈ ခန်း မီးထဲ ပါသွားတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
2011-06-28
အစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများ ရပ်ဆိုင်းရေး အတွက် စေ့စပ် ဆွေးနွေးဖို့ မနေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်က အဖွဲ့ဝင် ငါးဦးပါ အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရှိရပါတယ်။
2011-06-28
ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ ရုပ်ရှင် မှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် ပါဝင် သရုပ်ဆောင်သူ ကမ္ဘာကျော် ဟောလီဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှယ်လ်ယို ကို အစိုးရက ရန်ကုန်ကို အဝင်မခံဘဲ လေဆိပ်ကနေ ဇွန်လ ၂၂ ရက်နေ့က ပြန်နှင်လွတ် လိုက်တယ်လို့ သိရပါတယ်
2011-06-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထက်မြန်မာပြည် လူငယ် (၇၃) ဦးနဲ့ ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြောင်း သတင်း ရရှိပါတယ်။
2011-06-28
ဇွန်လ ၂၈ ရက်နေ့က လူငယ် အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာမှာ လူငယ်တွေအနေနဲ့ ဆွေးနွေးစေချင်တဲ့ အကြောင်းအရာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။