လူငယ်တွေ အရည်အချင်းပြည့်ဝဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2011.06.29

RFA
"တိုင်းပြည်ရဲ့အနာဂတ် ဘယ်လောက်ကောင်းတယ် ဘယ်လောက်ဆိုးတယ်ဆိုတာ လူငယ်တွေရဲ့ အရည်အချင်းပေါ်မှာပဲ တည်တယ်။ ဒီလူငယ်တွေက လူကြီးဖြစ်သွားလို့ ရှိရင် ဒီလူငယ်တွေပဲ တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင် ရမှာပဲ။ လုပ်ချင်လုပ်ချင် မလုပ်ချင်လုပ်ချင် ဒီလူငယ်တွေရဲ့ ပခုံးပေါ်မှာ ကျလာမှာပဲ။ အဲဒီတော့ ဒီလူငယ်တွေက အရည်အချင်း မပြည့်စုံလို့ ရှိရင် တိုင်းပြည်ရဲ့ အနာဂါတ်က လှမှာ မဟုတ်ဘူး။ ဒီလူငယ်တွေက စိတ်ဓာတ် ကလည်း မှန်တယ်၊ အရည်အချင်း ကလည်း ရှိတယ်၊ ဇွဲလည်း ကောင်းတယ်၊ သတ္တိလည်း ရှိတယ်၊ လုပ်ရည် ကိုင်ရည် ကလည်း ပြည့်စုံတယ် ဆိုရင် ကျမတို့ တိုင်းပြည် အနာဂါတ်က လှမှာပေါ့။"
ဒါ့ပြင် လူငယ်တွေအနေနဲ့ တာဝန်သိစိတ် ရှိဖို့လိုကြောင်း၊ တိုင်းပြည် အကျိုး ဆောင်ရွက်သူတွေကို တိုင်းပြည်က မေ့လျော့မှာ မဟုတ်ကြောင်းနဲ့ ဗဟုသုတ တိုးပွားအောင် ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း စသဖြင့်လည်း ပြောဆိုသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားချက်တွေကို RFA အဖွဲ့သူဒေါ်ခင်ခင်အိက ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |