မစ်ရှယ်လ်ယို လေဆိပ်က နှင်ထုတ်ခံရ

ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ ရုပ်ရှင် မှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် ပါဝင် သရုပ်ဆောင်သူ ကမ္ဘာကျော် ဟောလီဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှယ်လ်ယို ကို အစိုးရက ရန်ကုန်ကို အဝင်မခံဘဲ လေဆိပ်ကနေ ဇွန်လ ၂၂ ရက်နေ့က ပြန်နှင်လွတ် လိုက်တယ်လို့ သိရပါတယ်

2011.06.28
michelle_yeoh_movie_actress_305_z.png ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်မည့် မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး မစ်ရှယ်လ် ယို။ (Photo: AFP)
Photo: AFP

မင်းသမီး မစ်ရှယ်လ်ယို ကို အစိုးရက နာမည်ပျက် စာရင်း သွင်းထားတာကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်တာ ဖြစ်တယ်လို့ အမည် မဖေါ်လိုတဲ့ မြန်မာ အရာရှိတဦးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ နိုင်ငံခြား သတင်းတွေက ရေးသားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ပြောခွင့်ရ ဦးဉာဏ်ဝင်းကို မေးကြည့်တဲ့ ဒီဖြစ်ရပ်ဟာ စိတ်မကောင်းစရာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဒီဗီဇာကိစ္စနဲ့ ပတ်သက်ပြီးတော့ အလွန် အထိမခံ ဆိုတာမျိုး ဖြစ်နေတာပေါ့။ သူက အနုပညာသမားဘဲ။ အနုပညာသမား အတိုင်းဘဲ ရှိမှာပေါ့။ ဒါကိုတောင်မှ ဒီမိသားစုနဲ့ ရင်းနှီးတယ်ဆိုတာကို လက်မခံတဲ့ သဘော၊ အဲဒီလိုဟာကတော့ သိပ်မကောင်းဘူးလို့တော့ ထင်ပါတယ်။"

မင်းသမီးမစ်ရှယ်လ်ယို ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ရှင် ရိုက်ကူးရေး အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာလက မြန်မာနိုင်ငံကို တကြိမ် ရောက်ရှိလာတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ်ရှယ်လ်ယို ဟာ James Bond ရုပ်ရှင် Tomorrow never dies နဲ့ ကမ္ဘာကျော်ခဲ့တာ ဖြစ်ပြီး Crouching Tiger, Hidden Dragon ရုပ်ရှင်နဲ့ အကောင်းဆုံး သရုပ်ဆောင် မင်းသမီး အဖြစ် အော်စကာဆု အတွက် လျာထား ခံရသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။