မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စေလွှတ်ရေး အမေရိကန် ဆီးနိတ် ကြားနာပွဲ ပြုလုပ်
2011.06.30

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန
မြန်မာ အစိုးရနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံသွားမယ်လို့ အဲဒီကြားနာပွဲမှာ Mr. Mitchell က ပြောပါတယ်။
ကျနော်ကို အတည်ပြုလိုက်ပြီဆိုရင် ကျနော်အနေနဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်မယ့် အခွင့်အလမ်းတွေကို ကြိုးစား ရှာဖွေမှာပါ။ ဒါဟာ အမေရိကန်ရဲ့ သတ်မှတ်ချက် တန်ဖိုးတွေနဲ့ နိုင်ငံ အကျိူးစီးပွားကို မြှင့်တင့်တဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ရှေ့ဆက်ပြီး အပြုသဘောဆောင် ဆက်ဆံသွားဖို့ ဖြစ်ပါတယ်။ ဒါအပြင် လုံခြုံပြီး ချမ်းသာဝပြောတဲ့ နိုင်ငံအဖြစ် ရောက်ဖို့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းချက် အပေါ်မှာ အမေရိကန်က ကူညီပံပိုးတဲ့ သဘောလည်း ဖြစ်တယ်လို့ ပြောသွားတာပါ။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ John Kerry ကလည်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်မယ့် ကိစ္စဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာဖို့ အတွက် အခွင့်အလမ်း တခုပဲလို့ ပြောပါတယ်။
Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် အဖြစ် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က အတည်ပြုဖို့ အတွက် အခုလို ကြားနာစစ်ဆေးပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။