အမေရိကန် အောက်လွှတ်တော်ရုံးမှာ မြန်မာ့အရေး ကြားနာပွဲလုပ်


2018.07.25
congress-burma-hearing-622 အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရုံးတွင် ၂ဝ၁၈ ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံအရေး ကြားနာပွဲ ပြုလုပ်စဉ်။
RFA

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခရောက်နေရပုံနဲ့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ အကြောင်းကို Victims' Rights in Burma ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်အောက်လွှတ်တော် "ရေဘန်"အဆောက်အအုံမှာ ရှိတဲ့ နိုင်ငံခြားရေးရာ ကော်မတီရုံးမှာ ဒီနေ့ ကြားနာပွဲတရပ် ကျင်းပနေပါတယ်။

မြန်မာ့တပ်မတော်ဟာ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ တိုက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်တဲ့အတွက် အရပ်သားတွေ အတိဒုက္ခရောက်ရတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်တိုင်းရင်းသားများအဖွဲ့ ဥက္ကဋ္ဌ ဂန်ဆန်နန်းက ထွက်ဆိုခဲ့ပါတယ်။

အဲဒီနောက် ဗြိတိန်နိုင်ငံမှာ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ ကိုထွန်းခင်က... ရိုဟင်ဂျာတွေကို မြန်မာ့တပ်မတော်က ညှဉ်းပန်းနှိပ်စက်တာတွေ၊ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးအောင် စစ်ဆင်ရေး ပုံစံချပြီး မောင်းထုတ်တာတွေကို ထွက်ဆိုပါတယ်။

အဲဒါတွေကြောင့် မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို စစ်ရာဇဝတ် ကျူးလွန်မှုနဲ့ ICC နိုင်ငံတကာတရားရုံးကို တင်ပြီး အရေးယူဖို့ သူက တောင်းဆိုပါတယ်။

“Tom Lantos လူ့အခွင့်အရေးကော်မရှင်” က ကမကထလုပ်ပြီး ကျင်းပတဲ့ ဒီကြားနာပွဲကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ ဖြစ်တဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၊ Fortify Rights နဲ့ Amnesty International အဖွဲ့က ပုဂ္ဂိုလ်တွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေ စုစုပေါင်း အယောက် ၆ဝ လောက် တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။