သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-31
ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည် လက်ခံရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ကနဦး နားလည်မှုစာချွန်လွှာ တစ်စောင်ကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။
2018-05-31
ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု နောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများနဲ့ ဆက်နွယ်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံးက မနေ့က ကြေညာလိုက်ပါတယ်။
2018-05-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သိန်းမှ ၂ သိန်းအထိ ရှေ့လာမယ့် ဇူလိုင်လမှာ ဝယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာဆန်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောပါတယ်။ ဒီကိစ္စအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစိုးရချင်း သဘောတူထားတာဖြစ်ပါတယ်။
2018-05-31
အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ် ဒီဂရီကောလိပ်နဲ့ ကျောင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေကို ခွင်မပြုဖို့ ထုတ်ပြန်ချက်နဲ့အတူ NLD အစိုးရအဖွဲ့စာရင်း မငြိမ်သေးတာတွေနဲ့ ပတ်သက်လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-05-31
ဥရောပကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေရဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၄၈ သန်းနီးပါးနဲ့တူညီတဲ့ ယူရိုငွေ သန်း ၄ဝ ကူညီမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
2018-05-31
စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့အမှုတွေကို ရုပ်သိမ်းပေး ဖို့ဆိုပြီး ဒီကနေ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဆန္ဒပြတောင်းဆိုရာမှာ ဆန္ဒပြသူတွေထဲက ၈ ဦးကို ပြည်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2018-05-31
မြန်မာနိုင်ငံဟာ ရခိုင်အရေးကိစ္စကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးနွေးထွေးမှု လျော့နည်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
2018-05-31
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ အမှု ၂၉ ကြိမ်မြောက် ရုံးချိန်းကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။
2018-05-31
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့မှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန် အထိ ပျက်စီးသွားတဲ့ လူနေအိမ်အသေး အလုံးပေါင်း ၈ဝဝ ကျော်ရှိသွားပြီဖြစ်တယ်လို့ ရွှေပြည် သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
2018-05-31
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ထိထိရောက်ရောက် ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်တဲ့ကာကွယ်မှုတွေပေးဖို့ အဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က မေလ ၃ဝ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2018-05-31
ဒေါက်တာအေးမောင်ကို တရားစွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မသုံးခုကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-05-31
လစ်လပ်နေတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဦးစိုးဝင်းကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်လိုက်လိုက်ပါတယ်။
2018-05-31
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေဟာ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ဝန်ကြီးချုပ်ထံ အစီရင်ခံတင်ပြပြီး သဘောတူညီချက် အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ကြ ဖို့ နိုင်ငံတော်သမ္မတရုံးက မေလ ၂၉ ရက်နေ့ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-05-31
တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ကျောင်းသူ ၊ ကျောင်းသားတွေအနေနဲ့ စာတမ်းဖတ်ပွဲ ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်တွေအပြင် အဆင့်မြင်ပညာဦးစီးဌာနကိုပါ အသိပေးပြီး သဘောထားမှတ်ချက်ယူဆောင်ရွက်ဖို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
2018-05-31
အစိုးရ၊ တပ်မတော် နဲ့ အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကြားမှာ ညှိနှိုင်းဖို့ခက်ခဲနေတဲ့ အချက်တွေနဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။