ဝန်ကြီးတွေ လုပ်ငန်းဆောင်ရွက်ရာမှာ ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်ယူရမည်
2018.05.31
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေဟာ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ဝန်ကြီးချုပ်ထံ အစီရင်ခံတင်ပြပြီး သဘောတူညီချက် အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတရုံးက မေလ ၂၉ ရက်နေ့ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ က လေ့လာသူတွေ ဥပဒေရေးရာကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။