ကျောင်းတွေမှာ နိုင်ငံရေးဟောပြောပွဲ အဆည ခွင့်မပြု


2018.05.31

တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်တွေအပြင် အဆင့်မြင်ပညာဦးစီးဌာနကိုပါ အသိပေးပြီး သဘောထားမှတ်ချက်ယူဆောင်ရွက်ဖို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေဆိုရင်တော့ ကျင်းပဖို့ ခွင့်မပြုကြောင်း ပါရှိပါတယ်။

ဒီအပေါ်မှာ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားရေးရာကော်မတီအဖွဲ့ဝင် ကိုမင်းဟိန်းခန့်ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။