ကိုဆွေဝင်းအမှု ၂၉ ကြိမ်မြောက် ရုံးချိန်း
2018.05.31

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ အမှု ၂၉ ကြိမ်မြောက် ရုံးချိန်းကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ ရုံးချိန်းမှာ သက်သေခံပစ္စည်းတွေကို စစ်ဆေးခဲ့တယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ အမှုနဲ့ပတ်သတ်လို့ အင်မတန်အရေးကြီးတဲ့ စာမှတ်စာတမ်းဖြစ်တဲ့အတွက် တရားရုံးတော်ကနေ ဒီသက်ခံတင်သွင်းမှုကို လက်ခံပေးဖို့ လျှောက်လဲတယ်။ နှုတ်နဲ့ လျှောက်လဲကြတာ မလုံလောက်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဥပဒေအကိုးအကားတွေနဲ့ လျှောက်လဲချက်တင်သွင်းဖို့ လျှောက်လဲလိုက်တဲ့အတွက် တရားရုံးက ခွင့်ပြုပြီးတော့ ရုံးချိန်းသတ်မှတ်ပေးလိုက်တယ်”
နောက်ရုံးချိန်းကိုတော့ ဇွန်လ ၇ ရက်နေ့ သတ်မှတ်ထားပြီး တရားစွဲဆိုသူ ကိုကျော်မျိုးရွှေက ရုံးထွက် မလာရောက်တော့ပဲ နှစ်ဖက်ရှေ့နေတွေကပဲ လျှောက်လဲကြမှာဖြစ်တယ်လို့ သိရပါတယ်။
ကိုဆွေဝင်းဟာ ဦးဝီရသူကို ဝေဖန်ရေးသားခဲ့တဲ့အတွက် ကိုကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။