သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-31
ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီ ၅ ခုထဲမှာ ပါဝင်တဲ့ နဝရတ် ပတ်တနာခန်း Nawarat Patanakarn ကုမ္ပဏီဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတော့ မယ်လို့ ပြောကြားလိုက်ပါတယ်။
2016-05-31
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေ ယူရိုငွေ ၈၆သန်း စာရင်းပျောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ သုံးသပ်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ကော်မရှင်မှာ မနေ့ က ဆွေးနွေးခဲ့ ပါတယ်။
2016-05-31
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမယ့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးကော်မတီကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့က ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်။
2016-05-31
လျှပ်စစ်မီး မကြာခဏပြတ်တောက်နေတာ ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ သတိချပ်သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က သတိပေးလိုက်ပါတယ်။
2016-05-31
ဆန္ဒပြပွဲတွေမှာ ငွေကြေးရယူပြီး ဆန္ဒပြတာ မလုပ်ဖို့ တားမြစ်ချက်ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ က ထည့်သွင်းပြီး ဒီနေ့ လွှတ်တော်မှာ အတည်ပြုလိုက် ပါတယ်။
2016-05-31
၂၁ ရာစုပင်လုံညီလာခံ အကြိုပြင် ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ နှစ်ခု ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဖွဲ့စည်းပေး လိုက်ပါတယ်။
2016-05-31
မန္တလေးတိုင်း ငါးဇွန်မြို့နယ်က မြို့သာတိုက်နယ်ဆေးရုံသစ် နဲ့ ပတ်သက်လို့ အစိုးရသတ်မှတ်ပေးတဲ့ တန်ဖိုးနဲ့ ဆေးရုံ ရဲ့အရည်အသွေးမမှီလို့ဆိုပြီး၊ ဒေသခံတွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြား အငြင်းပွားမှု ဖြစ်နေပါတယ်။
2016-05-31
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရေနံလက်ယက်ရေနံတွင်း လုပ်ငန်းရှင်တွေထံက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကောက်ခံခဲ့တာရှိပြီး ခန့်မှန်းငွေကျပ် ၂.၈ ဘီလီယံခန့်ရှိနိုင်တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က ဒီနေ့ကျင်းပတဲ့ လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။
2016-05-31
ရန်ကုန်တိုင်းဒေသကြီးအတွင်း လာမယ့် ၆ လကနေ ၁ နှစ်အတွင်း လျှပ်စစ်မီး ပုံမှန်ရအောင် ကြိုးစားဆောင်ရွက်သွား မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2016-05-31
၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ နှစ်ခုတို့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဖွဲ့စည်းပေးလိုက်ပါတယ်။
2016-05-31
အစိုးရသစ် တာဝန်လွဲှပြောင်းရယူပြီး တစ်လအတွင်း အုပ်ချုပ်ရေး၊ တရား စီရင်ရေးနဲ့ ပတ်သက်တဲ့ တင်ပြ စာ နှစ်ထောင်နီးပါး လက်ခံရရှိထားကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
2016-05-31
မကွေးတိုင်းမှာရှိတဲ့ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက မကွေးတိုင်းဒေသကြီး အစိုးရကို ပေးရတဲ့ ဒေသဖွံံ့ဖြိုးရေးငွေကျပ် ၂ ဒသမ ၈ ဘီလီယံ ကို အစိုးရဟောင်းက အစိုးရသစ်ထံ လွှဲပြောင်းခဲ့ခြင်းမရှိကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-05-31
ပြည်ထောင်စုအစိုးရရဲ့ ရက် ၁၀၀ စီမံကိန်း မှာ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေရဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့ မန္တလေးတိုင်း အတွင်းက တောင်သူ ၅၀၀ ကျော်က လက်မှတ်ရေးထိုးပြီး အစိုးရထံ တင်ပြဖို့ ပြင်ဆင်နေပါတယ်။
2016-05-31
ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ ၁၃ ခု ပူးပေါင်းပြီး ရှမ်းပြည်တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့ချုပ်ဟာ ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းပါတီတွေ တသံတည်းထွက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာလို့ ဦးဆောင်သူတွေကပြောပါတယ်။
2016-05-31
၂၁ ရာစု ပင်လုံညီလာခံမှာ ရှမ်းပြည်က နိုင်ငံရေးပါတီတွေ တသံတည်းထွက်ဖို့ ဆိုပြီး "ရှမ်းပြည် တိုင်းရင်းသားပါတီများ အဖွဲ့ချုပ်"ကို ဖွဲ့စည်းလိုက်တာ မှန်ကန်ရဲ့လား သဘောရိုး ဟုတ်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။