၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်နေမှု ဦးလှမောင်ရွှေ ကို မေးမြန်းချက်
2016.05.31
၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီ နှစ်ခုတို့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဖွဲ့စည်းပေးလိုက်ပါတယ်။
ဆပ်ကော်မတီ ၂ မှာ ဦးဆောင်မယ့် ဒေါက်တာတင်မျိုးဝင်းနဲ့ အဖွဲ့ဟာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
ဦးလှမောင်ရွှေ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။