ငွေကျပ် ၂ ဒသမ ၈ ဘီလီယံ လွှဲပြောင်းလက်ခံရခြင်းမရှိ


2016.05.31

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရေနံလက်ယက်ရေနံတွင်း လုပ်ငန်းရှင်တွေထံက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကောက်ခံခဲ့တာရှိပြီး ခန့်မှန်းငွေကျပ် ၂.၈ ဘီလီယံခန့်ရှိနိုင်တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က ဒီနေ့ကျင်းပတဲ့ လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

လက်ရှိအစိုးရအဖွဲ့အနေနဲ့ ဒီငွေတွေကို လွှဲပြောင်းလက်ခံရရှိထားတာ မရှိဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။