သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-30
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်ရဲ့ခရီးစဉ် အတွင်း မြန်မာ အစိုးရ ခေါင်းဆောင်တွေနဲ့ အရေးကြီးတဲ့ အကြောင်းတွေ ဆွေးနွေးကြပြီး နားလည်မှု ရရှိကာ ပြုပြင် ပြောင်းလဲမှုတွေ အရှိန်အဟုန် ပိုရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-11-30
အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ချိုဦး (ခေါ်) ကိုယူနွတ်ကို အင်းစိန်ထောင် ဆရာဝန်ကြီးက မေ့ဆေး ထုံဆေး မပေးဘဲ ဆီးကျိတ်ခွဲခဲ့ပြီး သွေးလွန်လာမှ အင်းစိန်ဆေးရုံကို ပို့လိုက်ကြောင်းနဲ့ ခွဲစိတ်ဒဏ်ရာကို ချုပ်မပေးတဲ့ အတွက် ဝေဒနာ အပြင်းအထန် ခံစားနေရကြောင်း သိရပါတယ်၊
2011-11-30
၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် မယူခင် ကတိကဝတ် အတိုင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု ရှိလာဖို့ မြန်မာ အစိုးရ ကြိုးပမ်းသင့်ကြောင်း AIPMC ခေါ် အာဆီယံ နိုင်ငံ ပါလီမန် အမတ်များ အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2011-11-30
မြန်မာနိင်ငံကို မဆက်ဆံဘဲ ဒီအတိုင်း ဆက်လက် ထားမယ် ဆိုရင် တရုတ်နဲ့ ပိုမို ရင်းနှီးပြီး အမေရိကန်နိုင်ငံသာ ဆုံးရှုံး နစ်နာမယ်လို့ ဝါရင့် နိုင်ငံရေးသမားဟောင်း၊ သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
2011-11-30
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်မှု မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။
2011-11-30
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော် လေဆိပ်ကို ရောက်လာခဲ့ပြီး မနက်ဖြန်မှာ သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
2011-11-30
အမေရိကန် ပြည်ထောင်စုမှာ ထုတ်ဝေပြီး ဩဇာ အရှိန်အဝါ ကြီးမားတဲ့ Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ် ပညာရှင် ၁၀၀ ကို စစ်တမ်း ကောက်ယူရာမှာ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမှတ်စဉ် ၃၁ မှာ ရွေးချယ် ဖော်ပြခံရပါတယ်။
2011-11-30
မြန်မာအစိုးရ အလှည့်ကျ တာဝန်ယူမယ့် ၂၀၁၄ ခု မတိုင်မီ အာဆီယံ ဒေသ တစ်ခုလုံးနဲ့ အာဆီယံ တစ်နိုင်ငံချင်း လူ့အခွင့်အရေးတွေ တိုးတက် ပြောင်းလဲလာဖို့ အထူး အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Ms. Navi Pillay က ပြောပါတယ်။
2011-11-30
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာ့ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ဖို့ အဓိကထား တိုက်တွန်းသင့်တယ်လို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။
2011-11-29
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2011-11-29
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။
2011-11-29
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဗွီနိုင်း (V 9) နံရံချိတ် ပိုစတာတွေ တီရှပ်နဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို အင်န်အယ်လ်ဒီ ပါတီ ဌာနချုပ် ရွှေဂုံတိုင်ရုံးမှာ အခု ရက်ပိုင်း အတွင်း ၂ ဆနီးပါး ရောင်းချနေရကြောင်း သိရပါတယ်။
2011-11-29
မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီကနေ့ ဆွေးနွေးနေကြောင်း သိရပါတယ်။
2011-11-29
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကမ္ဘာ့အကြီးဆုံး စူပါ ပါဝါ အင်အားကြီး နိုင်ငံတစ်ခု မြန်မာနိုင်ငံကို ဝင်လာပြီဆိုတာ တရုတ်အစိုးရကို သိသိသာသာ အချက်ပြလိုက်တာလို့ နယူးယောက် အခြေစိုက် Asia Society က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2011-11-28
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်တဲ့အခါ မြန်မာ စစ်တပ်က Crime Against Humanity လူသားတွေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ရပ်တန့်အောင် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းဖို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၂ ဖွဲ့က ပူးတွဲ တောင်းဆိုလိုက် ပါတယ်။