အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် သခင်ချန်ထွန်းရဲ့အမြင်

မြန်မာနိင်ငံကို မဆက်ဆံဘဲ ဒီအတိုင်း ဆက်လက် ထားမယ် ဆိုရင် တရုတ်နဲ့ ပိုမို ရင်းနှီးပြီး အမေရိကန်နိုင်ငံသာ ဆုံးရှုံး နစ်နာမယ်လို့ ဝါရင့် နိုင်ငံရေးသမားဟောင်း၊ သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။

2011.11.30

အဲဒီအခြေအနေကြောင့် ဒီခရီးစဉ်မှာ အစိုးရပိုင်း ပုဂ္ဂိုလ်တွေ အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီ အသီးသီးက ပါတီဝင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေး လေ့လာဖို့ လာရောက်တာ ဖြစ်မယ်လို့ ထင်မြင်ယူဆကြောင်း သခင်ချန်ထွန်းက ပြောကြားသွားပါတယ်။ ဦးဘအောင်နဲ့ သခင်ချန်ထွန်း ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။